ခရစ်စတယ်ပဲလေ့စ်အသင်းနည်းပြ ဖရန်ဒီဘိုဝါးဟာ လီဗာပူလ်းအသင်းရဲ့နောက်တန်းကစားသမား ဆာခိုကို ခေါ်ယူနေချင်ပေမဲ့ သူရဲ့ပြောင်းရွှေ့ကြေးဟာ အရမ်းများလွန်းနေတယ်လို့ ဆိုခဲ့ပါတယ်။လီဗာပူလ်းအသင်းဟာ ဆာခိုကို ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀ သတ်မှတ်ထားတာလည်းဖြစ်ပါတယ်။ဆာခိုဟာ လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့နဲ့ ဆက်ဆံရေးပြိုကွဲနေခဲ့တာကြောင့် အသင်းမှာကစားခွင့်မရရှိထားတာလည်းဖြစ်ပါတယ်။ပြီးခဲတဲ့ရာသီကလည်း  ခရစ်စတယ်ပဲလေ့စ် အသင်းမှာ အငှါးသွားရောက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

ဆာခိုဟာ လီဗာပူလ်းအသင်းကို ၂၀၁၃ ခုနှစ်က PSG အသင်းကနေပြောင်းရွှေ့လာခဲ့တာလည်းဖြစ်ပါတယ်။အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆာခိုဟာ ခြေစွမ်းကောင်းမွန်သောကစားသမားတစ်ယောက်ဖြစ်သော်လည်း လူစားလဲခဲ့တဲ့ကိစ္စနဲ့ ဂျာဂင်ကလော့နဲ့ အချင်းများမှုဖြစ်ခဲ့ပြီးနောက် ကလော့ဟာ လီဗာပူလ်းအသင်းမှာ ဆာခိုကို နေရာမပေးခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီကခရစ်စတယ်ပဲလေ့စ်အသင်းထံ ဆာခိုကို အငှါးချထားခဲ့တာဖြစ်ပြီး ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ဆာခိုရဲ့ ခြေစွမ်းကို သဘောကျခဲ့တာကြောင့် အပြီးပိုင်ဝယ်ယူဖို့ ဆန္ဒ ရှိနေတာလည်းရှိပါတယ်

ဒါပေမဲ့ ဆာခိုရဲ့ ပြောင်းရွှေ့ကြေးဟာ အရမ်းများလွန်းနေတာကြောင့် ခရစ်စတယ်ပဲလေ့စ် အသင်းဟာ ခေါ်ယူဖို့ ကြန့်ကြာနေရတာလည်းဖြစ်ပါတယ်။လီဗာပူလ်းအသင်းကလည်း ဈေးလျော့ရောင်းသွားဖို့စိတ်ကူးရှိမနေခဲ့တာကြောင့် အပြောင်းအရွှေ့ဟာ ထပ်ပြီးကြန့်ကြာနိုင်တဲ့အခြေအနေဖြစ်လာနိုင်ပါတယ်။ခရစ်စတယ်ပဲလေ့စ်အသင်းဟာ ပရီးလိဂ်ရာသီစ နှစ်ပွဲမှာ နှစ်ပွဲဆက် ရံှူးနိမ့်ခဲ့တာကြောင့် ရလဒ်တွေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။ဒါ့ကြောင့် ခရစ်စတယ်ပဲလေ့စ်အသင်းအနေနဲ့ နောက်တန်းကို ဖြည့်ဖို့ ဆာခိုအတွက် ပေါင်သန်း ၃၀ သုံးမလားဆိုတာတော့ စောင့်ကြည့်ရတော့မယ်ဗျာ

Source - Squawka Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။