နောက်ဆုံးတတ်လာတဲ့သတင်းတွေအရ PSG အသင်းဟာ မိုနာကိုတိုက်စစ်မှူး အမ်ဘတ်ပီကို ခေါ်ယူနိုင်ဖို့အတွက် ယူရိုသန်း ၁၄၀ အပြင် လူးကပ်မော်ရာကိုပါ အလိုက်ပေးပြီးကမ်းလှမ်းမယ်လို့သတင်းတွေကဆိုပါတယ်။မိုနာကို အသင်းဟာ ထိုအပြောင်းအရွှေ့ကြေးကို လက်ခံဖို့ အနေအထားမှာလည်းရှိနေခဲ့တယ်လို့သတင်းတွေထွက်နေခဲ့ပါတယ်။ဒါ့အပြင် PSG အသင်းဟာ မိုနာကိုအသင်းရဲ့ကွင်းလယ်ကစားသမား ဖာဘင်ဟိုကိုလည်း တစ်ခါတည်းခေါ်ယူနိုင်ဖို့ဆွေးနွေးသွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။

PSG အသင်းဟာ အမ်ဘတ်ပီ + ဖာဘင်ဟို အတွက် သုံးစွဲမယ့်ပြောင်းရွှေ့ကြေးဟာ ယူရို ၂၂၂ သန်း + လူးကပ်မော်ရာ ကိုပါ အလိုက်ပေးသွားမှာလည်းဖြစ်ပါတယ်။ထိုအပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အတွက် PSGအသင်းဟာ ကြိုးပမ်းနေတာဖြစ်ပြီး မိုနာကို အသင်းသာသဘောတူလက်ခံခဲ့မယ်ဆိုရင်တော့ အပြောင်းအရွှေ့ဟာအကောင်အထည်ဖော်သွားနိုင်မှာလည်းဖြစ်ပါတယ်။PSG အသင်းဟာ လက်ရှိမှာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာတိုက်စစ်မှူးနေမာကို ယူရို ၂၂၂ သန်းနဲ့ ခေါ်ယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယခုလည်း ဒုတိယမြောက် ကလပ်စံချိန်တင်ပြောင်းရွှေးကြေးနဲ့ မိုနာကို အသင်းထံကမ်းလှမ်းသွားမှာလည်းဖြစ်ပါတယ်

PSGအသင်းဟာ ယခုနှစ်ရာသီမှာ ဥရောပအောင်မြင်မှုတွေ ရရှိနိုင်ဖို့ အသင်းကို အကောင်းဆုံးအစုအဖွဲ့ဖြစ်အောင် ကစားသမားကောင်းတွေကို ဝယ်ယူအားဖြည့်နေတာလည်းဖြစ်ပါတယ်။အသင်းမှာနေရာရရှိဖို့မသေချာတဲ့ ဂျေစီရိုဒရီဂွက်ကို စတုတ်စီးတီးအသင်းထံအငှါးချခဲ့ပြီး နောက်ထက်ကစားသမားတစ်ဦးဖြစ်တဲ့ ဒရက်ဇလာကိုလည်း ရောင်းချသွားဖို့ရှိနေခဲ့တာလည်းဖြစ်ပါတယ်။PSG အသင်းဟာ အမ်ဘတ်ပီ ကိုသာခေါ်ယူနိုင်ခဲ့ပါက PSG အသင်းရဲ့တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ကာဗာနီ ၊နေမာ၊ ဒီမာရီယား၊ အမ်ဘတ်ပီ တို့အတွဲအဖက်ကတော့ နောက်တန်းတွေအတွက် ထိန်းချူပ်ရခက်မှာ အသေအချာပါပဲ။

SOURCE - sky Italia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။