မြန်မာရုပ်ရှင် ၀ါသနာအိုးတွေအနေနဲ့ကတော့ ရဲမွန်နဲ့ မစိမ်းလှပါဘူး ။ ဇာတ်ပို့မင်းသားတွေထဲ ချောမောတဲ့ ရုပ်ရည်နဲ့ မြင့်မားတဲ့ အရပ်အမောင်းကြောင့် အမြဲထင်ရှားနေတတ်သူပါ ။ သူဟာ ခုတော့ အိမ်ထောင်ပြုသွားခဲ့ပါပြီ ။ သူအိမ်ထောင်ပြုတာနဲ့ ပတ်သတ်ပြီး ပြင်ပကို သတင်းတွေတော့ သိပ်မထွက်လာခဲ့ပါဘူး ။ ဘာကြောင့်လဲဆိုတော့ အကျယ်မချဲ့ တော့ဘဲ အကျဉ်းချုံးလေးပဲလုပ်ဖြစ်လို့ပါတဲ့ ။ 

" မိသားစုကတော့ညီတယောက်ရှိတယ်။ အဖေကတော့ဆုံးသွားပါပြီ။ အမေရယ်ညီလေးရယ်က သက်သက်နေတာ ကျွန်တော်ကသက်သက်နေပါတယ်။ ကျွန်တော့အမျိုးသမီးကိုတိတ်တိတ်လေးယူလိုက်တာပါ။ လူတွေသိရင် မုန့်ကျွေးရမှာဆိုးလို့လေ။ (ရယ်လျက်) သူကမန်းလေးသူပါ။ သူ့အမနဲ့သူငယ်ချင်း သူ့အမအိမ်သွားလည်ရင်းနဲ့ သူ့ကိုကြိုကသွားတာပေါ့။ ကြိုက်သွားတော့ နှစ်ဘက်မိဘစုံစုံညီညီနဲ့ ဘန်ုးကြီးကျောင်းမှာပဲအကျဉ်းချံုးလေး ဆွမ်းကျွေးလိုက်တယ်။ ပထမကတော့ နိုင်ငံခြားလိုက်သွားမယ်ပေါ့။ အမေနဲ့အဖေကအမေရိကမှာ။ အမေရိကလိုက်သွားမယ်ဆိုတော့ ကြီးကြီးကျယ်ကျယ်မလုပ်ဖြစ်လိုက်ဘူး။ အခုအမေနဲ့အဖေက ဒီရောက်လာတော့ အဖေကဆုံးသွားတော့ ကြီးကြီးကျယ်ကျယ်မဆောင်ဖြစ်သွားတာ။ " 

အမျိုးသမီးလုပ်သူက ငယ်ပေမယ့် နားလည်မှုအရမ်းပေးတယ်လို့လည်း သူကဆိုပါတယ် ။

အမျိုးသမီးကကိုယ့်ထက်အသက်အများကြီးငယ်ပေမယ့် နားလည်မှုအရမ်းပေးတယ်။ ၉နှစ်လောက်ကွာပေမယ့် ကိုယ်မထင်ထားတာတွေတောင် နားလည်မှုပေးတယ်။ သူကမဆိုးဘူး ကျွန်တောကဆိုးတယ်။(ရယ်လျက်) အမျိုးသမီးနဲ့ ထွေထွေထူးထူးငြိစရာတော့မရှိပါဘူး။ကိုယ်နဲ့စသိ စတွေ့ကတည်းက ကျွန်တော်ကရုပ်ရှင်လောကထဲရောက်နေပြီလေ။ သူကလဲနဂိုကတည်းကလက်ခံပြီးသားပါ။ ထွေထွေထူထးထူးလင်မယား၂ယောက်ငြိစရာလဲမလိုပါဘူး။ သားသမီးတော့မရသေးပါဘူး။ အချို့မသိသေးတဲ့ပရိသတ်တွေအခုမှသိလို့ တောင်းပန်ပါတယ်။ ပရိသတ်ကိုကြိုမပြောပြခဲ့လို့ စိတ်မဆိုးပါနဲ့လို့။ " လဲ ရဲမွန်ကပရိတ်သတ်ကြီးကိုတောင်းပန်သွားပါတယ် ။ 

သတင်းအရင်းမြစ် myanmar celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။