Myanmar Idol မှာ ယှဉ်ပြိုင်ရင်း ပရိတ်သတ်အများအပြားရရှိခဲ့တဲ့ ယွန်းကတော့ ကိုကိုထွန်းထွန်းကြောင့် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျအောင် ငိုခဲ့ရတယ်လို့ ဆိုပါတယ် ။ 

" ကားကြည့်ပီးတရေးမှမအိပ်ရသေးဘူး။ တစ်ယောက်တည်းဟိုတွေးဒီတွေးနဲ့ မင်းသားမင်းသမီးတွေရဲ့သရုပ်ဆောင်ချက်တွေကလည်း သေလောက်တယ်။ အဲ့ဇာတ်ကားထဲမှာ ကိုအရမ်းချစ်တဲ့သူကို ဆုံးရူံးလိုက်ရတဲ့အချိန် ဘယ်လောက်ထိရင်ထဲဆို့နင့်ပြီး သေလောက်အောင်ခံစားရလဲဆိုတာ ကြည့်နေရင်းနဲ့ကိုမျက်ရည်ပိုးပိုးပေါက်ပေါက်ကျခဲ့ရတယ်။ တကယ်အရမ်းကောင်းတဲ့ ဇာတ်ကားပါ ပွဲခံမယ်။ ပွဲခံကြမယ်ဗျို့ သွားကြည့်ကြပါဗျိုး " လို့ သူမကဆိုခဲ့တာပါ ။ 

သူမတို့ရဲ့ နယ်မြို့လေးကို ထွန်းထွန်းရောက်သွားတုန်းကလည်း သူမတို့မိသားစုဖွင့်ထားတဲ့ ဆိုင်လေးကို ရောက်အောင်သွားခဲ့ပါသေးတယ် ။ အနုပညာလောကသားတွေနဲ့ကတော့ Myanmar Idol အဖွဲ့သားတွေ တစ်ရင်းတစ်နှီးပါပဲ ... ခုလတ်တလောမှာ ယွန်းကတော့ သီချင်းသစ်တွေ လုပ်နေပြီဖြစ်တဲ့ သားငယ်ကို ကူညီနေတယ်လို့လဲသိရပါတယ် ။ ပရိတ်သတ်ကြီးတို့ရော ယွန်းလို ပွဲခံပြီးကြပြီဆို Feeling လေးတွေ မျှဝေသွားကြပါလား ... 

သတင်းအရင်းမြစ် Yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။