မြန်မာဆန်ဆန်ဝတ်စုံလေးတွဲ အပြစ်ကင်းပြီး နှစ်လိုဖွာ်ကောင်းတဲ့ အပြုံးတွေ ပရိသတ်ကို ချစ်ခင်လေးစားမှုရှိတဲ့အချက်တွေကြောင့် ပရိသတ်တွေ အချစ်တော် ဖြစ်နေရသူကတော့ အေးမြတ်သူ ပဲဖြစ်ပါတယ်။ ယခုလတ်တလော ပရိသတ်တွေစိတ်ဝင်စားနေတဲ့ အေးမြတ်သူအချစ်ရေးနဲ့ပတ်သတ်ပြီး သူမက Myanmar Celebrity မှာ ဖြေဆိုထားတာတွေ့ရပါတယ်။

လက်ရှိ ချစ်သူနဲ့ အသက် ၃၀ မှာ စတွေ့ခဲ့တာဖြစ်ပြီး ယခုအချိန်မှာတော့ သူ့အကြောင်းကိုယ့်အကြောင်း သေချာသိရအောင် လေ့လာနေဆဲအချိန်ဖြစ်တယ်လို့ သူမကဆိုပါတယ်။ အိမ်ထောင်ရေး ဆိုတာ အမျိုးသမီးတစ်ဦးရဲ့ ဘဝအတွက်အရေးကြီးတာမို့ တတ်နိုင်စလောက် အမှားမဖြစ်ရအောင် သေချာစဉ်းစားနေတယ်လို့လည်း သူမကဆိုပါတယ်။ လက်ရှိချစ်သူကတော့ ယခုအချိန်ထိ သူမနဲ့အသင့်တော်ဆုံးဖြစ်တယ်လို့ သူမကပြောခဲ့ပြီး အသက် ၃၅ နှစ်မှာ အိမိထောင်ပြုမယ်လို့ မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

သူမအနေနဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လည်းဖြစ်ချင်ပြီး သူမက "သူချစ်" ကိုရွေးချယ်ထားတာပါ ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်။ လက်ရှိမှာတော့ အေးမြတ်သူတစ်ယောက် ကြော်ငြာတွေရိုက်ကူးနေပြီး အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်နေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.........

Source: Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။