ပြီးခဲ့တဲ့ တနင်္ဂနွေညက အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် တော့တီဟမ်စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားခဲ့ကြပါတယ်။ အင်္ဂလန် လန်ဒန်ဒါဘီပွဲ ဖြစ်တာနှင့် အညီ ၂ဘက်စလုံးက ရေကုန်ရေခန်း ဆော့ခဲ့ပါတယ်။ ပွဲပြီးမှာတော့ ချယ်ဆီးအသင်းက စပါးကို ၂-၁ဂိုးရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ တော့့တင် ဟမ် ဟော့စပါး နဲ့ ပွဲ က ချဲလ်ဆီး အသင်းရဲ့ ပထမပိုင်းကစားပုံကို ဂယ်ရီနဗီးလ် ကချီးကျူးခဲ့ပါတယ်။ 

ဦးဆောင်ဂိုးက စရရှိခဲ့တာကတော့ ချယ်ဆီးအသင်းပဲဖြစ်ပါတယ်။ ၂၃မိနစ်မှာ ဒီဂိုးကိုချယ်ဆီးအသင်း ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို နောက်ခံလူ မာ့ကိုအလွန်ဆိုက ကန်သွင်းပြီး ဂိူးရယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှတော့ စပါးအသင်းက ချယ်ဆီးကို အသားကုန်တိုက်စစ်ဖွင့်ဆော့လာပါတယ်။ ပထမပြီးခါနီးမှာ စပါးတိုက်စစ်မှူး ဟာရီကိန်းဘကန်ချက် တိုင်ထိထွက်ခဲ့လို့ စပါးအသင်းနစ်နာခဲ့ရပါတယ်။ မိနစ် ၈၁မိနစ်မှာ မိုရာတာအစားဝင်လာတဲ့ ဘတ်ရှူအာယီက OGသွင်းခဲ့လို့ စပါးအသင်း ချေပဂိုးပြန်ရရှိခဲ့ပါတယ်။ ၈၈မိနစ်မှာ မာ့ကိုသ်အလွန်ဆိုကပဲ ချယ်ဆီးအတွက် ဦးဆောင်ဂိုးထပ်မံသွင်းခဲ့ပါတယ်။ ပွဲပီးမှာတော့ ချယ်ဆီးက စပါးကို 2-1 ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ပါတယ်။

“စပါး နဲ့ ပွဲက ချဲလ်ဆီး ရဲ့ လူထုတ် ပုံက အားလုံးကို အံ့အားသင့် စေခဲ့ပါတယ် ။ သူတို့ဟာ ကွင်းလယ်မှာ စိန် ပွင့် ပုံစံ ကစားကွက် ကို ခင်းကျင်းခဲ့ပြီး ဒေးဗစ် လူးဝစ် ကို ကွင်းလယ် ဗဟို မှာ ထားကစားခဲ့ပါတယ် ။ အ ဝေးကွင်းကို သွားကစားခဲ့ရ ပေမယ့် ချဲလ်ဆီး ကစားကွက် ကတကယ် အလုပ်ဖြစ် ခဲ့ပါတယ် ။ ပထမပိုင်း မိနစ် ၂၀-၂၅ လောက် ကတည်းက သူတို့ ဂိုးစရခဲ့သင့်တာပါ ။ မိုရာတာ အခွင့်အ ရေးရခဲ့တယ်လေ ။ သူတို့ သွင်းခဲ့ တဲ့ ဖရီးကစ် ဂိုးကလည်း တကယ် ကို ကောင်းခဲ့ပါတယ် ။ ပထမပိုင်း ကစားသွားခဲ့တဲ့ ချဲလ်ဆီး ရဲ့ ပုံစံကို တော့ တကယ် ကို အသိအမှတ်ပြုရမှာပါ” လို့ ဂယ်ရနဗီးက ပြောကြားခဲ့တာပါ။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။