ယမန်နေ့ညက အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်(၂)အဖြစ် မန်ချက်စတာစီးတီးနှင့်အဲဗာတန် တို့ ကစားခဲ့ကြပါတယ်။ နှစ်သင်းစလုံးတစ်ဘက်နှင့်တစ်ဘက် အကျိတ်အနယ် ကစားခဲ့ကြတာပါ။ အဲဗာတန် အတွက် ရွန်းနီက ဦင်္းဆောင်ဂိုးကို လှလှပပ ပိတ်သွင်းယူပေးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာတော့ စတာလင်က မန်ချက်စတာစီးတီးအတွက် ချေပဂီုး ကိုပြန်သွင်းနိုင်ခဲ့ပါတယ်။ ဒါကြောင့် တစ်ဘက် ၁ဂိုးစီနှင့် ပွဲကတော့ ပြီးဆုံးခဲ့ရပါတယ်။ 

ပက်ဂွာဒီယိုလာကမနေ့ညကအဲဗာတန်နဲ့တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာမန်ချက်စတာစီးတီးအသင်းရဲ့တိုက်ပွဲဝင်စိတ်ဓာတ်ကိုပြသနိုင်ခဲ့တာဟာသူ့ဘဝရဲ့ဂုဏ်ယူစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့တယ်လို့ပြောလိုက်ပါတယ်။ ၃၅မိနစ်မှာရွန်းနီရဲ့ဦးဆောင်ဂိုးကိုပေးထားရတဲ့စီးတီးဟာ၄၄မိနစ်မှာကိုင်းဝေါ်ကာအထုတ်ခံခဲ့ရတာကြောင့်ဒုတိယပိုင်းတစ်ပိုင်းလုံးနီးပါး၁၀ယောက်ကျန်နဲ့ကစားခဲ့ရပေမယ့်၈၂မိနစ်မှာစတားလင်းရဲ့ဂိုးနဲ့အီတီဟတ်မှာသရေရအောင်ပြန်လည်တိုက်ပွဲဝင်ခဲ့ပါတယ်။ ပက်ဂွာဒီယိုလာက "ကျွန်တော်တို့ဟာရလဒ်တွေကောင်းမွန်ဖို့ကြိုးစားကစားခဲ့ပေမယ့်အဆုံးမှာတော့အသင်းရဲ့ကစားပုံကိုပြန်လည်လေ့လာသုံးသပ်သွားရပါမယ်။ ဒါဟာကျွန်တော့်ဘဝရဲ့ဂုဏ်အယူရဆုံးနေ့တွေထဲကတစ်နေ့ပါပဲ။ ကျွန်တော်တို့ဘယ်တွေလုပ်ခဲ့သလဲဆိုတာမြင်ခဲ့ရတဲ့အတိုင်းပါပဲ။ အဲဗာတန်လိုအသင်းကို ၁၀ယောက် ၁၁ယောက်ကစားခဲ့ရပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

'' ကျွန်တော်တို့ အနည်းငယ်တော့ မကျေမနပ် ဖြစ်ခဲ့ရပါတယ် ။ ဒါပေမယ့် အီတီဟတ်မှာ တစ်မှတ်ရခဲ့တာ ကျွန်တော်တိုအတွက် ထူးခြားမှု တစ်ခုပါပဲ ။ ပထမပိုင်း ကစားအပြီး ကျွန်တော်တို့ 11 ယောက် 10 ယောက် ကစားခဲ့တဲ့ အချိန်မှာ ပွဲအပေါ် ထိန်းချုပ်နိုင်မှု အနည်းငယ် အားနည်းသွားခဲ့ပါတယ် ။ ကျွန်တော်တို့ဟာ ဘောလုံးကို အတို ကစားပြီး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူကစားသွားရမယ့် အနေအထားမျိုးမှာ အဝေးဘောတွေ ကစားခဲ့ပြီး မြန်ဆန်တဲ့ တိုက်စစ် ကစားပုံကို ပုံဖော်ခဲ့ကြပါတယ်။ ကျွန်တော်တို့ အသင်းဟာ တစ်ကယ့်ကို ကြိုးကြိုးစားစား ကစားသွားခဲ့တာပါ ။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ ထိုက်သင့်တဲ့ ရလာဒ်ကို ရရှိသွားခဲ့ကြပါတယ် ။ ကျွန်တော်တို့ အနေနဲ့ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေနဲ့ ရှေ့ဆက်သွားကြမှာပါ '' လို့ အဲဗာတန်နည်းပြ ရော်နယ်ကိုးမန်းက ပွဲအပြီး ပြောကြားသွားခဲ့ပါတယ် ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။