အင်္ဂလန် တိုက်စစ်မှူးရွန်းနီကတော့ ပြီးခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ လိဂ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရွန်းနီအနေဖြင့် အဲဗာတန်အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် မန်ချက်စတာစီးတီး အသင်းဘက်ကို သွင်းယူနိုင်ခဲ့တာပါ။ အဲဗာတန်အသင်း၏တိုက်စစ်မှူး ကလာဗက်လီဝင်ရဲ့ပေးပို့မှုကနေ ရွန်းနီကသွင်းယူခဲ့တာပါ။ သို့သော် စတာလင်က ချေပဂိုးပြန်သွင်းယူခဲ့လို့ အဲဗာတန်အသင်းနှင့် မန်ချက်စတာစီးတီး တစ်ဘက်၁ဂိုးစီနှင့် သရေကျခဲ့ပါတယ်။ 

အဆိုပါ ပွဲစဉ်မှာ ၁ဂိုးသွင်းယူပေးခဲ့တဲ့ ရွန်းနီကတော့ ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ရွန်းနီအနေဖြင့် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးပေးမှုကလည်း ၁၀၁ ကြိမ်ထိရှိခဲ့တာပါ။ ရွန်းနီအနေဖြင့် မန်ချက်စတာယူနိုင်တက်ကိုမပြောင်းရွှေ့့ခင် အဲဗာတန်မှာကစားခဲ့တုန်းက ပရီးမီးယားလိဂ်ဂိုး ၁၅ဂိုးသွင်းခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်မှာ သရဲနီဘဝဖြင့် ရွန်းနီက ပရီးမီးယားလိဂ်ဂိုး ၁၈၃ဂိုးထိသွ်းယူနိုင်ခဲ့ပါတယ်။

ယခု အဲဗာတန်အသင်းအတွက် ပြန်ကစားစဉ်မှာတော့ ရွန်းနီက လက်ရှိပရီးမီးယားလိ၈်ပွဲစဉ်၂ပွဲမှာ ၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ရွန်းနီအနေဖြင့် မန်ချက်စတာ ယူနိုက်တက် - 183 ဂိုးနှင့် အဲဗာတန် - 17 ဂိုး စုစုပေါင်း ဂိုး၂၀၀အထိရှိလာတာပါ။ ဒါ့အပြင် ရွန်းနီဟာ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာ စုစုပေါင်း 12 ဂိုးထိ သွင်းယူနိုင်ခဲ့ပါပြီ ။ ဒါ့အပြင် ရွန်းနီအတွက် မှတ်တိုင်တွေ ဖြစ်ခဲ့တဲ့ 50 မြောက် ၊ 150 မြောက်နဲ့ 200 အကြိမ်မြောက် သွင်းဂိုးတွေကို မန်စီးတီးနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာပဲ သွင်းယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာ နာမည်ကျော်တိုက်စစ်မှူး အလန်ရှီးယားရားက ပရီးမီးယားလိဂ်ဂိုး ၂၆၀ သွင်းယူကာ လိဂ်ဂိုးအများဆုံးသွင်းထားပြီး ရွန်းနီက ၂၀၀ဖြင့် ဒုတိယလိုက်နေပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။