အသက်၂၅၆ နှစ်ဆိုတာ ပြောလိုက်ရင် လာနောက်နေတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ဒါဟာတကယ်ရှိခဲ့တဲ့အဖြစ်အပျက်ပါ ကြားကြားခြင်းေ တာ့မယုံနိုင်ပါဘူး။စာတွေကိုဆုံးအောင်ဖတ်လိုက်ရင် သင်သိမှာပါ။

တရုတ်နိုင်ငံဆီချန်ခရိုင်၊ကျုဂျီယန်ဇီအန် ပြည်နယ် မှာမွေးဖွားခဲ့တာဖြစ်ပါတယ်။မွေးဖွားတဲ့အချိန်ဟာ ၁၆၇၇ ခုနှစ်ဖြစ်ပါတယ်။သူဟာ ၁၀ နှစ်သားအရွယ်မှာပဲ ဆေးဖက်ဝင်တဲ့သစ်ဥသေစ်ဖုတွ စုဆောင်းတဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။li chin yuen ဆေးဝါးရှာဖွေတဲ့နေရာတွေကတော့ ဂန်ဇူးဒေသ၊တိဘက်နိုင်ငံ၊ဗီယက်နမ်၊ထိုင်း၊ရုရှားနယ်စပ်တို့မှာ သွားရောက်ရှာဖွေခဲ့ပါတယ်။သူဟာ သစ်ဥသစ်ဖုတွေရှာဖွေရတာကြောင့် ဆန်ဝိုင်အရက်နဲ့သစ်ဥသစ်ဖုတွေကိုသာ မှီဝဲခဲ့ပါတယ်။သူဟာဒါတွေကိုဘဲ အမြဲမှီဝဲခဲ့တာကြောင့် များစွာပျိုမြစ်နုနယ်ခဲ့ပါတယ်။သူရဲ့အသက် ၇၂ နှစ်အရွယ်မှာသူ ပြည်သူ့စစ်တပ်မှာသူဟာ ၁၇၄၉ ခုနှစ်မှတော့ ကိုယ်ခံပညာဆရာအဖြစ် သင်ကြားပေးခဲ့ပါတယ်။ထိုတပ်မှာ (၆) နှစ်ကြာစစ်မှုထမ်းခဲ့ပြီး ၇၈ နှစ်မှာအငြိမ်းစာ ယူခဲ့ပါတယ်။

ထိုနောက် သူဟာနှစ်ပေါင်းတစ်ရာကျော် လောက်အထိကို ဆေးဝါးရှာခြင်းနဲ့ပဲ ကုန်ဆုံးစေခဲ့ပါတယ်။သူဟာ မျက်စိလျှင်တယ်။ခြေလှမ်းကျှဲကျဲလှမ်းတတ်တယ်။အရပ်အမြင့်က (၇)ပေလောက်ရှိတယ်။လက်သည်းတွေတော်တော်ရှည်တယ်။အသားအရောင်က အနီရောင်သမ်းတယ်။

သူကို တရုတ်စစ်သေနာပတိကြီး Wu Peifu ဟာ Li Chinf-yuen ကိုခေါ်ယူပြီးအသက်ရှည်အောင်ဘယ်လိုလုပ်ရမလဲဟုမေးမြန်းသောအခါ “တိတ်ဆိတ်ငြိမ်သက်တဲ့ နှလုံးသားနဲ့အသက်ရှင်ပါ။လိပ်တစ်ကောင်လိုနေထိုင်ပါ။ပင်ဂွင်းဌက်လို လမ်းလျှောက်ပါ။”လို့ပြောပါတယ်။

၁၉၈၂ နှစ်မှာ ယူကူတက္ကသိုလ် ပါမောက္ခ ကြီးက သူရဲ့အသက်ရှည်မှုကို သံသယဖြစ်ခဲ့ပါတယ်။တရုတ်အစိုးရရဲ့အသက် ၁၅၀ ပြည့်နဲ့အသက် (၂၀၀) ပြည့် ဂုဏ်ပြုသ၀ဏ်လွှာကို တွေ့မှသာ အံသြယုံကြည်သွားခဲ့ပါတယ်။ထိုအချိန်မှာ North China Daily news နှင့် Shanghai Declaration News တွေကအပြိုင်အဆိုင်ရေးသာဖော်ပြခဲ့ကြပါတယ်။The New Yourk Times ကတော့ ၁၉၂၉ ခုနှစ်မှာ သူရဲ့သတင်းတွေကိုဖော်ပြပေးခဲ့ပါသေးတယ်။အိမ်နီးချင်းအဖိုးအိုတစ်ယောက်ကိုမေးကြည့်ရမှာတော့ “ရုပ်ရည်အတိုင်းအကဲခတ်မယ်ဆိုရင် ကျွန်တော်နဲ့သူက ရွယ်တူလို့ ထင်ရတာပေါ့ဗျာ။မဟုတ်ဖူးဗျ။ကျွန်တော့်အဖိုးအဖွားတွေ အိုးပုတ်လေးတွေနဲ့ကစားနေတဲ့အချိန်မှာတောင် သူကလူကြီးတစ်ယောက်ဖြစ်နေပြီ။သူအသက်က ၂၀၀ ကျော်နေပြီမယုံမရှိနဲ့” လို့လဲပြောထားပါသေးတယ်။

Li Ching Yuen ဟာအသက် ၂၅၆ နှစ် ၊၁၉၃၃ ခုနှစ်မှာ လူကြီးရောဂါနဲ့ကွယ်လွန်ခဲ့ပါတယ်။သူဟာမသေခင်မှာ ဇနီးပေါင်း ၂၄ ယောက်ကိုလက်ထက်ခဲ့ပြီး သားသမီး ၂၀၀ ကျော်နဲ့မျိုးဆက် ၁၁ ဆက်ရှိခဲ့ပါတယ်။သူကွယ်လွန်ချိန်မှာ နောက်ဆုံးဇနီးက အသက်(၆၀) ရှိနေခဲ့ပါပြီ။တချိ့ကတော့ လီဟာ ၁၇၆၃ ခုနှစ်မှာမွေးခဲ့တယ်လို့လဲ ပြောကြပါတယ်။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ပါ အဲဒီအချိန်မွေးခဲ့တယ်ဆိုရင်တောင်သူအသက်က ၁၉၇ ခုနှစ်နဲ့ကမ္ဘာ့အသက်အရှည်ဆုံးဖြစ်နေတာပါပဲ။သို့သော် လီကတော့ ဂရင်းနှစ်စံချိန်ထဲမ၀င်ခဲ့ပါ။မီဒီယာအားမကောင်းတာ ကြောင့်လဲပါပါမယ်။ယခုလက်ရှိမှာတော့ အသက်အရှည်ဆုံးလို့ကမ္ဘာကသတ်မှတ်ထားတဲ့သူကတော့ Jeanne Calment ပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ် shwe news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။