အဆိုတော် နိုင်းဝမ်းကတော့ လက်တလော လူမှုကွန်ရက်မှာ ဂယက်ထသွားတဲ့ သတင်းကို အလင်းတန်းဂျာနယ်အင်တာဗျုးကနေတစ်ဆင့် ပြန်လည်ဖြေရှင်းလိုက်ပါပြီ။

နင်သာရှိရင် နဲ့ အရောင်မဆိုးနဲ့ သီချင်းလေးတွေက သူ့ရဲ့ လူကြိုက်များအောင်မြင်တဲ့သီချင်းလေးတွေဖြစ်ပါတယ်။

လူငယ်တွေအကြိုက်တေးသီချင်းတွေကို်ယ်တိုင်ရေးကို်ယ်တိုင်ဆိုလေ့ရှိတဲ့ အဆိုတော်နိုင်းဝမ်း ရဲ့ သီချင်းစာသားတွေက ဘယ်အချိန်ဖြစ်ဖြစ် ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျနေတာဖြစ်ပါတယ်။

ကိုယ်ပို်င်စီးပွားရေးလည်း တစ်ဖက်မှာ လုပ်နေတဲ့ အဆိုတော်နိုင်းဝမ်း ဟာ အဆိုတော်ယုန်လေး ၊ သရုပ်ဆောင်နေဒွေးတို့နဲ့လည်း ရင်းနှီးတဲ့သူငယ်ချင်းတွေဖြစ်ပြီး ပွင့်ပွင့်လင်းလင်းပျော်ပျော်နေတတ်သူလို့ သိကြပါတယ်။

သူ့ရဲ့ဖေ့ဘုတ်မှာ ခရီးသွားပုံရိပ်တွေ နဲ့ လှုပ်ရှားမှုပုံရိပ်တွေ အမြဲတမ်းလိုလို တင်လေ့ရှိတာကြောင့် ပရိသတ်တွေနဲ့ အမြဲထိတွေ့နေသူလို့ ဆိုရမှာပါပဲ။

လက်တလောမှာတော့ အဆိုတော်နိုင်းဝမ်းဟာ “ မြန်မာ ဘောလုံးအသင်းအနေဖြင့် မလေးရှားဘောလုံးအသင်းကိုအနိုင်ရရှိပါက အဝတ်ဗလာဖြင့် တစ်နာရီကြာမြို့ထဲလမ်းလျောက်သွားမယ် ဆိုတဲ့ ကောလဟာလသတင်းတွေ လူမှုကွန်ရက်မှာ ပျံ့နေတဲအ့တွက် အခုလို အလင်းတန်းဂျာနယ်အင်တာဗျုးမှာ ပြောပြသွားပါတယ်။

Paparrazzi Page ကတင်တဲ့ အဆိုပါ သတင်းနဲ့ပတ်သက်ပြီး အဆိုတော်နိုင်းဝမ်းက မဟုတ်မှန်ကြောင်း ပရိသတ်တွေသိအောင် ပြန်ဖြေရှင်းထားပါတယ်။

အဆိုပါပေ့ချ် အနေနဲ့ မတောင်းပန်ပါက ဥပဒေဘောင်အတွင်းက

အရေးယူသွားမှာဖြစ်ပြီး ၊ သူ့အနေနဲ့ မြန်မာဘောလုံးအသင်းကို အမြဲမပြတ်အားပေးနေသူဖြစ်ပြီး အခုလို စော်ကားမယ့်လုပ်ရပ်မျိုး မလုပ်ဝံကြောင်း ငြင်းဆိုထားပါတယ်။

အဝတ်ဗလာနဲ့လမ်းလျှောက်မယ်ဆိုတဲ့ သတင်းဟာ မဟုတ်မမှန်တဲ့အတွက် နားလည်မှုလွဲနေတဲ့ ပရိသတ်တွေလည်း သိလောက်ပါပြီနော်။  

Paparazzi page အနေနဲ့လည်း ပြန်လည်တောင်းပန်ထားပြီဖြစ်ကြောင့် နိုင်းဝမ်းက "လုပ်ချင်တာလုပ်ထားပြီးရင် အလှဆုံးပြုံးနေတတ်သူ" ဆိုပြီးတော့ သူ့အကောင့်မှာ ပြန်တင်ထားပါတယ်။  

သတင်းအရင်းမြစ် Kyaw zinlatt, a lin tan journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။