ယခုအခါ ကမ္ဘာတစ်ဝှမ်းမှာ နာမည်ကျော် သရဲကားတစ်ကားဖြစ်တဲ့ Annabelle Creation ဆိုတဲ့ ရုပ်ရှင်ကား ရုံတင်ပြသလျက်ရှိပါတယ်။ Annabelle Creation အနေနှင့် လူတိုင်းစောင့်စားနေတဲ့ သရဲကားတစ်ကားဖြသ်ပါတယ်။ ကိုရီးယားက လူမှုကွန်ယက်တွေမှာ Annabelle Creation ကြည့်ပြီးနောက် ကြောက်လန့်ပြီး ရုံထဲမှာ ဘောင်းဘီထဲက ကြောက်ချေးပါတာတွေဖြစ်ခဲ့ပါတယ်။ ယခုအခါမှာလည်း ဘရာဇီးမှာ Annabelle Creation ရုပ်ရှင်ကြောင့် ထူးထူးဆန်းဆန်းဖြစ်ခဲ့ပါတယ်။  

ဘရာဇီးက ရုပ်ရှင်ရုံတစ်ရုံမှာ Annabelle Creation ကားကြည့်ပြီးနောက် မိန်းကလေးတစ်ယောက် သရဲဝင်ပူးသလို လုပ်ဆောင်ခဲ့တာပါ။ ဘရာဇီးနိုူင်ငံက တယ်ရီဇီးနားမှာ အသက်၂၀အရွယ် မိန်းကလေး တစ်ယောက် Annabelle Creation ရုပ်ရှင်ကား ကြည့်ဖို့ ရုပ်ရှင်ရုံကို လာခဲ့ပါတယ်။ ရုပ်ရှင်ရုံမှာ Annabelle Creation ကြည့်ပြီးနောက် အဆိုပါမိန်းကလေးအနေနှင့် ကို့ကိုကိုယ် ထိုးနှက်ခဲ့ပါတယ်။

ဒါ့အပြင် မိန်းကလေးက ကြောက်လန့်တကြား အော်ဟစ်ကာ ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ခဲ့ပါတယ်။ ဒါတွေအကုန်လုံးက လူမြင်ကွင်းမှာဖြစ်ခဲ့တာပါ။ သူမရဲ့ သူငယ်ချင်းတွေက သူမကို ထိန်းချုပ်ဖို့လုပ်ခဲ့သော်လည်း သူမအနေနှင့်ဆက်တိုက်ကြောက်လန့်တကြားအော်နေခဲ့တာပါ။ ဒီဖြစ်ရပ်က သောကြာနေ့ညလယ်ရောက်ခါနီးမှဖြစ်ခဲ့တာဖြစ်ပြီး ဗီဒီယိုကို အောက်မှာကြည့်ရှုနိုင်ပါတယ်။ Annabelle Creation ရုပ်ရှင်ကားက လူတွေရဲ့ခန္ဓာကိုယ်ကို ၀င်ပူးဖို့ ကြိုးစားနေတဲ့ မကောင်းဆိုးဝါးအကြောင်းကို ထိတ်လန့်ဖွယ်ရိုက်ကူးထဲ့တဲ့ ရုပ်ရှင်ကားပါ။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။