၀က်ခြံထွက်တတ်သူများအနေဖြင့် ဒီအချက်လေးတွေကိုတော့ သိထားသင့်ပါတယ်။ ၀က်ခြံဆိုတာ မျက်နှာမှာ တစ်ခါထွက်ဖူးရုံနဲ့ ခဏ ခဏ ထွက်တတ်တဲ့ အရာမျိုးပါ။ ဒါ့ကြောင့် မပွားအောင်နှင့် ခဏ ခဏ မထွက်အောင် သေသေချာချာ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မျက်နှာကိုလက်ဖြင့် မကြာခဏကိုင်တွယ်ခြင်းကိုရှောင်ကြဉ်ပါ။ လက်ဖြင့်အကြာခဏကိုင်တွယ်ခြင်းက အဆီထွက်ရှိမှုကို အားပေးပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပိုမိုပေါက်ဖွားစေပါတယ်။

၀က်ခြံကို မှဲ့နေပြီဆိုပြီး ညှစ်တတ်တဲ့ အကျင့်ကိုလည်း အထူး ရှောင်ကြဉ်သင့်ပါတယ်။ ဒီလို လုပ်ခြင်းက မျက်နှာမှာ အလွယ်တကူပင် အမာရွတ် ကျန်ခဲ့စေနိုင်ပါတယ်။

မျက်နှာပေါ်ကို ဆံပင်တွေ ကျနေခြင်း၊ ရှိနေခြင်းများကို ဂရုစိုက်ပေးပါ။ ဆံသားအတွက် ထုတ်လုပ်ထားတဲ့ပစ္စည်းများကို သုံးစွဲရာမှာ အဆီပါဝင်မှုကင်းတဲ့ ထုတ်ကုန်များကိုသာရွေးချယ်ပေးပါ။ ထုတ်ကုန်မှာပါဝင်တဲ့အဆီတွေက ဆံသားမှတဆင့်မျက်နှာပေါ်တွင် ကပ်ညှိနေနိုင်ပြီး ချွေးပေါက်တွေပိတ်ဆို့စေတာကြောင့် ၀က်ခြံထွက်မှုကို အားပေးရာရောက်ပါတယ်။

မျက်နှာကို စင်ကြယ်အောင် သစ်ပေးပါ။ ရေနွေးဖြင့် မျက်နှာသစ်လျှင် ၀က်ခြံ သက်သာစေတယ်လို့ ကြားဖူးတာကြောင့် ခဏ ခဏ ရေနွေးဖြင့် မျက်နှာသစ်ခြင်းမျိုးကိုလည်း မပြုလုပ်သင့်ပါ။ ချွေးပေါက်တွေ အပွင့်လွန်ပြီးတော့လည်း ၀က်ခြံတွေ ပိုထွက်လာနိုင်ပါတယ်။ မျက်နှာသစ်ရာမှာ လက်ချောင်းထိပ်ကိုအသုံးပြုပြီး ညှင်သာစွာသစ်ပေးပါ။

မိမိမျက်နှာအသားအရေနှင့် သင့်တော်သော အလှကုန်ပစ္စည်းများ၊ skin care များကို အသုံးပြုပါ။ သူများအတွက် ၀က်ခြံပျောက်ကင်းစေတဲ့အရာက ကိုယ့်အသားအရေနဲ့ မတူနိုင်တာမို့ ကိုယ့် အသားအရေနဲ့ လိုက်ဖက်တာကိုပဲ ရွေးချယ် အသုံးပြုပါ။

ဖြစ်နိုင်လျှင် ဓာတုဆေးများ မပါ၀င်တဲ့ သဘာဝ အိမ်တွင်းကုထုံးလေးများဖြင့် မျက်နှာကို ပေါင်းတင်ပါ။ ၀က်ခြံထွက်ခြင်းကို သက်သာအောင် ပြုလုပ်ပါ။

နောက်ဆုံးအနေဖြင့် လိုအပ်လျှင် အရေပြားဆရာဝန်နှင့် တိုင်ပင်ပါ။ ဆေးကုသမှု ခံယူပါ။

မျက်နှာဆိုတာ လူတစ်ယောက်အတွက် ပထမဆုံး မြင်ရတဲ့ ဖော်ပြချက် ပြသချက် တစ်ခု ဖြစ်တာကြောင့် အထူးဂရုစို်က်ဖို့ တိုက်တွန်းချင်ပါတယ်။ အားလုံးပဲ လှပချောမွေ့သော မျက်နှာလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။