အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ အသက်၂၇နှစ်အရွယ် Jessica Wongso အမည်ရှိ အမျိုးသမီးဟာ သူငယ်ချင်းဖြစ်သူ Mirna Salihin ဆိုသူ ကို ကော်ဖီထဲ အဆိပ်ခတ်သတ်ခဲ့မှုကိုပြုလုပ်ကျူးလွန်ခဲ့ပါတယ်။ သူမဟာ သြစတေးလျှနိုင်ငံသူအဖြစ် ခံယူထားတဲ့ အင်ဒိုနွယ်ဖွား တစ်ယောက်ဖြစ်ပြီး Jessica Wongso နဲ့ Mirna Salihin တို့ဟာ သြစတေးလျှမှာ ကျောင်းအတူတူတတ်ခဲ့တဲ့ကျောင်းနေဖက်သူငယ်ချင်းတွေဖြစ်ကြပါတယ်။ Mirna က Jessica ရဲ့ အိမ်ထောင်ရေးကို ၀င်ရောက်စွက်ဖက်ဖူးပြီး ကျောင်းပြီးတော့ မွေးရပ်မြေ အင်ဒိုနီးရှားကိုပြန်လာခဲ့ပါတယ်။ 

သိပ်မကြာခင်မှာပဲ Jessica ဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့ရပါတယ်။ အဲ့လိုကွာရှင်းပြီး အိမ်ထောင်ရေးပျက်စီးရတာ Mirna ကြောင့်ဆိုပြီး သူမဟာ သူငယ်ချင်းဖြစ်သူ Mirna ကို အငြိုးထားခဲ့ပါတယ်။ အငြိုးထားခဲ့ပြီး Jessica ဟာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာအထိ ကလဲစားချေဖို့ ပြန်လာခဲ့ပါတယ်။ ထို့နောက် Jessica နဲ့ Mirna တို့ဟာ တွေ့ဆုံပြီး အခြားသူငယ်ချင်းနှစ်ယောက်နဲ့အတူ စားသောက်ဆိုင်တစ်ဆိုင်မှာထ်ိုင်ပြီး Mirna ကြိုက်တဲ့ ဗီယက်နမ်ကော်ဖီကိုမှာပြီး ကိုယ်တိုင်သွားယူကာ အလွန်အဆိပ်ပြင်းထန်တဲ့ ဆိုက်နိဒ်အဆိပ်ကိုထည့်ပြီး သောက်စေခဲ့ကာ Mirma ဟာ နေရာမှာပင် လဲကျသေဆုံးခဲ့ပါတယ်။ 

ဆေးရုံဆရာဝန် မှတ်ချက်ကြောင့် Jessica နဲ့ အပေါင်းအပါနှစ်ယောက်ကို ရဲ့တပ်ဖွဲ့က ထိန်းသိမ်းထားခဲ့ပြီး Jessica ကို လူသတ်မှုနဲ့ စွဲချက်တင်နိုင်ခဲ့ပြီး ကျန်နှစ်ဦးကိုတော့ ကြံရာပါကျူးလွန်မှု၊ အမှုကို ဖုံးကွယ်ထိန်ချန်ဖို့ကြိုးစားမှုတွေနဲ့ အမှုဖွင့်စစ်ဆေးခဲ့ပါတယ်။ သို့ပေမယ့် Jessica ဟာ သူမမှာအပြစ်မရှိကြောင်းငြင်းဆိုခဲ့ပေမယ့် အခင်းဖြစ်ပွားရာ စားသောက်စိတ်မှ CCTV ထွက်ပေါ်လာပြီးနောက် သူမဟာ ပြစ်မှုကျူးလွန်ထားကြောင်းကို မငြင်းဆန်နိင်ခဲ့ပါဘူး။ ထို့ကြောင့် Jessica ကို အင်ဒိုနီးရှား ထိပ်သီးတရားသူကြီးသုံးဦးတိုင်ပင်ပြီး Central Jakarta District Court တရားရုံးက ထောင်ဒဏ် အနှစ်(၂၀) ကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်။ 

သတင်းအရင်းမြစ် Shwe New

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။