မနေ့က လူမှုကွန်ရက်မှာ မွန်ပြည်နယ် ပေါင်မြို့နယ်က ဆုတောင်းပြည့်ဘုရားမှာ ဟိန်းဝေယံ အမည်နှင့် ဘုရားစေတီပေါ်မှာ လွင့်ထားတဲ့ပုံများထွက်ပေါ်လာပါတယ်။ အကြောင်းအရင်းကတော့....

ထိုကဲ့သို့ အလံလွှင်ထူခြင်းဟာ ဒေသခံ ဘုရားဖူးသူတွေ အတွက် စိတ်အနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။ ဂေါပကတွေကို မေးမြန်းတဲ့အခါမှာတော့ သူတို့မသိတဲ့အချိန်မှာ လာတင်သွားတာလို့ပြောခဲ့ပြီး တင်သွားတဲ့သူက ဟိန်းဝေယံ အမေနှင့် ရင်းနှီးတဲ့အတွက်အကူအညီတောင်းလို့ တင်လိုက်ရတယ်လို့ဆိုပါတယ်။

ဗေဒင်ဆရာက ဟိန်းဝေယံ ကံဇာတာညံ့နေလို့ ယခုလိုမျိုး ဟိန်းဝေယံ အမေကို ပြုလုပ်ခိုင်းတယ်လို့ဆိုပါတယ်။ ဒေသခံတွေကတော့ ဟိန်းဝေယံထက် အသက်ကြီးတဲ့သူတွေက သူ့နာမည်ပါတဲ့ အလံကို ကန်တော့ နေသလိုဖြစ်တဲ့အတွက်ပိုပြီးတော့ မကြိုက်ကြပါဘူး။ ဗုဒ္ဓဘာသာကိုးကွယ်သူ အများအပြားရှိတဲ့ မြန်မာနိုင်ငံမှာ စေတီပုထိုးမှာ ယတြာလာချေတာက ကိစ္စမရှိသော်လည်း ယခုလိုမျိုး အလံတော့ မထူသင့်ဘူးဆိုပြီး ကန့်ကွက်ခဲ့ကြပါတယ်။ မန်ထက်ချီ ထုတ်လုပ်ရေးကလည်း ဟိန်းဝေယံနာမည်နှင့်အတူ ထိုစေတီမှာ ကျောင်းဆောက်ကာ လှူဒါန်းမှုပြုလုပ်နေတယ်လို့လဲသိရပါတယ်။

Source: Newswatch

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။