ကမ္ဘာ့အပျင်းထူမှုနေ့ပွဲတော်ကို ကိုလံဘီယာနိုင်ငံတွင် ရက်နေ့က ကျင်းပခဲ့ပါတယ်။ကမ္ဘာ့အပျင်းထူမှုနေ့ပွဲကို နှစ်စစ်ကျင်းပခဲ့တယ်လို့လဲသိရပါတယ်။ယခုလိုကျင်းပရခြင်းကတော့ အလုပ်တွေအရမ်းများပြီး စိတ်ဖိစီးမှုခံစားနေရသော ဝန်ထမ်းအလုပ်သမားများကို ခေတ္တအနားယူခိုင်းစေရန် အတွက် တွန်းအားပေးလိုခြင်းကြောင့်လို့သိရပါတယ်။အဆိုပါကမ္ဘာ့အပျင်းထူမှုနေ့ ပွဲတော်ကျင်းပသည့်ရက်တွင် ပျော်ရွှင်စရာ ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလေ့ရှိကြောင့် ပွဲစီစဉ်သူများထံမှသိရပါတယ်။

ကိုလံဘီယာနိုင်ငံအနောက်မြောက်ပိုင်း Itaguiမြို့တွင် တစ်ရက်တာကျင်းပခဲ့သည့် အဆိုပါ ကမ္ဘာ့အပျင်းထူမှု့နေ့ပွဲတော်တွင် ပါဝင်သူများ အများအပြားရှိတယ်လို့လဲသိရပါတယ်။အဆိုပါပွဲသို့လာရောက်သူများသည် လမ်းမများပေါ်သို့သူတို့၏မွေ့ရာ၊ကြိုးပုခက်တွေ ယူလာပြီး အိပ်စက်အနားယူကြသည်ကိုလည်း တွေ့ရပါတယ်။ကမ္ဘာ့အပျင်းထူမှု့ပွဲတော်ကို ၁၉၈၅ခုနှစ်မှ စတင်ကာ နှစ်စဉ်ကျင်းပခဲ့တယ်လို့လည်းသိရပါတယ်။Itaguiမြို့ဟာ ပုံမှန်အားဖြင့် စီးပွားရေးအချက်အချာကျပြီး စက်မှုလုပ်ငန်းများ အခြေစိုက်သည့် စည်ကားသည့်မြို့လည်း ဖြစ်သည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ နှစ်အကြာက ယင်းမြို့ခံတစ်ဦးဖြစ်သည့် ကားလို့စ် မာရီယို မွန်တိုယာ ဆိုသူက စိတ်ကူးအိုင်ဒီယာတစ်ခု ရခဲ့ခြင်းကြောင့် ယခုကဲ့သို့ပွဲတစ်ခုသတ်မှတ်ကျင်းပခဲ့သည်ဟုလည်းဆိုသည်။" ဘယ်သူပဲဖြစ်ဖြစ်၊ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် အလုပ်တွေပဲ ဖိလုပ်မနေဘဲ အားလပ်ချိန်၊ ဒါမှမဟုတ် အနားယူချိန် ရယူဖို့ အရေးကြီးတယ်ဆိုတာကို လူအများကို သိစေချင်လို့ ကျွန်တော်တို့ ခုလို ပွဲမျိုးကျင်းပနိုင်ဖို့အားထုတ်ခဲ့တာပါ" လို့ အသက် ၆၅ နှစ်အရွယ် မွန်တိုယာက ပြောသည်။

သတင်းအရင်းမြစ် AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။