အငွေ့ရှူတာနဲ့တင် တုံးကနဲလဲသေနိုင်စေမဲ့ ပိုးသတ်ဆေးမျိုးတွေနဲ့တဲ့

ထူးခြားမှုလေးနဲ့ကြုံလို့ ပြောပြပါဦးမယ်

ကျွန်မ က ပဲနီလေးဟင်းချိူ အရမ်းကြိုက်ပါတယ် နေ့တိုင်းနီးပါးစားတယ်

တစ်ခါတစ်ခါ နွားနို့နဲ့တောင်ကြိုပြီးစားတာ

ဒီနေ့ ပဲနီလေးကိုကြိုတော့ မဲမဲ အဖတ်လေးတွေ ဆူပွက်ပြီးအပေါ်ကို တက်လာပါတယ်

ပထမတော့ ကျွန်မ ထင်တာ ဆေးတာမစင်လို့ အမှိုက်အခွံလေးတွေပါလာတာလို့ ထင်ပါတယ်

အဲဒါနဲ့ ဆယ် ဆယ်ထားလိုက်တယ် ပဲနီလေးဆိုတာ ခဏလေးနဲ့နူးတဲ့အမျိူး

ခုကနာရီဝက်လောက်ြ ပုတ်နေတာတောင် အစေ့ကမကွဲပါဘူး

အဲဒါနဲ့ အချိူအငန်ထည့်ပါတယ်

ဆနွင်းထည့် ဆီထည့်ပြီး ထပ်ပြီးပေးဆူလိုက်ပါတယ်

နောက် နာရီဝက်သာကြာရော အစေ့မပြဲပြန်ဘူး

ဒါနဲ့ မြည်းကြည့်လိုက်တော့ အရသာက ခါးပါတယ်

ပါရာစီတမောသောက်ရင်ခါးသလို အခါးမျိူး

ကျွန်မ သဘောပေါက်လိုက်ပါပြီ

ဒါ မာလာသီယွန် အုပ်ထားတဲ့ပဲဆိုတာ :-(

တော်သေးတယ် ကျွန်မ မှာ ပဲတွေပြောင်းတွေသိုလှောင်တဲ့အခါ တာရှည်ခံအောင် သုံးရတဲ့ ပိုးသတ်ဆေးတွေအကြောင်းသိထားလို့ :-(

ခုတော့ တစ်အိုးလုံးသွန်လိုက်ပါပြီ စားမိရင်တော့ ဒုက္ခနဲ့လှလှတွေ့ပါပြီ

တစ်ခါတရံမှာ စူးစမ်းတတ်တဲ့အကျင့်ဆိုတာ သိပ်ကောင်းပါတယ် ကိုယ်စားနေကျအစားအစာ

သူ့ကိုပြုတ်လိုက်ရင် ပုံမှန်ကြာချိန်

အနံ့ အရသာ အားလုံးဟာ ပုံမှန်မဟုတ်တော့ဘူးဆိုရင်

food security မရှိတော့ပါဘူး

အော် ဝယ်ခဲ့တဲ့ဆိုင်မှာ အဲလိုအထုတ်လေးတွေအများကြီးကျန်နေသေးတယ်ကွယ်

ရောင်းတဲ့အန်တီကိုယ်တိုင်တောင်သိနိုင်ပါ့မလားဆိုတဲ့အတွေးမျိူး ခုကျွန်မစဉ်းစားနေတယ်

ရေးရင်း ကြက်သီးတွေတောင်ထပါတယ်

ကုန်သည်တွေ ဂိုထောင်ဆိုဒ်က တာဝန်ရှိသူတွေ

ပိုးသတ်ဆေး အုပ်တာလဲ အုပ်ပေါ့

တကယ်လို့ ဒီ ပစ္စည်းက quality မမှီရင် စျေးကွက်ထဲ မရောင်းသင့်တော့ဘူး

တာရှည်ခံချင်တာ အရှံုးမပေါ်ချင်တာ တစ်ခုထဲနဲ့ over fumigate တွေလုပ်တာကျတော့ စားသုံးသူကိုတိုက်ရိုက်ထိခိုက်ပါတယ်

မာလာသီယွန်ဆိုတာ အငွေ့ရှူတာနဲ့တင် တုံးကနဲလဲသေနိုင်တဲ့ ပိုးသတ်ဆေးတစ်မျိူးပါ

ခုထိ ကျွန်မ လည်ချောင်းထဲ ခါးနေဆဲလို့ facebook သုံးစွဲသူတစ်ဦးက သူ့အတွေ့အကြံုကို ဝေမျှထားပါတယ်။

Source : Htoo Htoo Phaw Tin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။