သြဂုတ် လ၂၁ ရက်က အမေရိကန်နိုင်ငံ လေတပ်ပိုင် မောင်းသူမဲ့လေယာဉ်တစ်စီးဟာ တူရကီနိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဆန်လီအာဖာပြည်နယ် တွင် ပျက်ကျခဲ့ကြောင်း Incirlik လေတပ်စခန်းက အင်တာနက်စာမျက်နှာတွင် ထုတ်ပြန်ထားခဲ့တဲ့ ထုတ်ပြန်ချက်တစ်ခုအရသိရပါတယ်။MQ-1 Predator အမည်ရှိ မောင်းသူမဲ့လေယာဉ်ကို အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ခဲ့ကြောင်း နှင့် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းတွင် ဒေသစံ တော်ချိန် နံနက် ၁၁း၅၀နာရီဝန်းကျင်၌ ပျက်ကျခဲ့ကြောင်း ထုတ်ပြန်ချက် အရသိရပါတယ်။

ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်များအရ တူရကီနဲ့ အမေရိကန် တာဝန်ရှိသူများဟာ လေယာဉ်ပျက်ကျရာနေရာတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး ယင်းနေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်များ က ပိတ်ဆို့တား ဆီးထားကြောင်း သိရပါတယ်။ယခု မောင်းသူမဲ့လေယာဉ် ပျက်ကျခြင်းဟာ ဒုတိယအကြိမ်မြောက် ပျက်ကျခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲတဲ့ သြဂုတ်လ ၁၇ ရက်မှာ တူရကီနိုင်ငံတောင်ပိုင်း အက်ဒါနာ ပြည်နယ်တွင် MQ-1 Predator မောင်းသူမဲ့လေယာဉ်တစ်စီး ပျက်ကျခဲ့ ကြောင်းကိုလည်း သိရှိရပါတယ်။

ပျက်ကျရခြင်းအကြောင်းရင်းကိုမူ တာဝန်ရှိသူများက စုံစမ်းစစ်ဆေးနေလျက်ရှိနေတာလည်းဖြစ်ပါတယ်။ယခုလိုမောင်းသူမဲ့လေယာဉ်မပျက်ကျမီရက်ပိုင်းအတွင်းကပဲ အမေရိကန်စစ်သဘောၤတစ်စီးနဲ့ ဆီတင်သဘောၤဟာ စင်ကာပူ ကမ်းလွန်ပင်လယ်မှာ တိုက်မိမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။လူအသေအပျောက်တော့မရှိခဲ့ပေမဲ့ ဒဏ်ရာရ သူ လူအနည်းတော့ရှိခဲ့တာဖြစ်ပါတယ်။

Source - China Xinhua News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။