ဗုဒ္ဓဘာသာလူမျိုးများအနေ့နဲ့ မြတ်ဗုဒ္ဓ၏ အဆုံးအမစကားများနှင့် ရင်းနှီးဖြစ်ပေမယ့်လို့ ယနေ့ခေတ် လူငယ်တော်တော်များများသည် ဘုရားနှင့်သံဃာတော်များကို ရှိခိုးဦးချပုံနှင့် ရှိခိုးဦးချနည်းများကို သေချာစွာသိရှိသူ မရှိသလောက်ကိုနည်းလာတာတွေ့ရပါတယ်။ ထို့ကြောင့် ဘုရားနှင့်သံဃာတော် တို့ကို ဦးချရှိခိုးပုံနှင့် ဦးချရှိခိုးနည်းများကို တင်ပြပေးချင်ပါတယ်။ ဘုရားနှင့် သံဃာတော်တို့ထံ ဆည်းကပ်ရှိခိုးသောအခါ ရိုသေစွာ လက်အုပ်ချီပြီးနောက် “ နီး၊ ဝေး၊ ရှေ့၊ နောက်၊ မြင့်မောက်၊ လေညာ” ဟူသော အပြစ်ခြောက်မျိုးလွတ်သောနေရာတွင်နေ၍ လျှောက်ထားဖွယ် စကားတို့ကို လျှောက်ထားရမည်။လျှောက်ထားနာယူပြီးလျှင် ရှိခိုးဦးချ၍ပြန်ရပါမည်။ ပြန်သော အခါ ကျောပေး၍ မပြန်ဘဲ လက်အုပ်ချီကာ လေး၊ ငါးလှမ်းခန့် နောက်ဆုတ်ပြီး ပြန်ရပါမည်။

“ ရှိခိုးခြင်း(၃)မျိုး”

၁။ ထိခြင်းငါးပါးနှင့်အညီ ကိုယ်ဖြင့်ရှိခိုးခြင်း(ကာယဝန္ဒနာ)၊

၂။ နှုတ်ဖြင့် ရွတ်ဆိုရှိခိုးခြင်း(၀စီဝန္ဒနာ)၊

၃။ စိတ်ဖြင့် ရည်မှန်းရှိခိုးခြင်း(မနောဝန္ဒနာ)၊

“ ထိခြင်းငါးပါး ရှိခိုးခြင်း”

ဒူးနှစ်ဖက်၊ လက်နှစ်ဖက်၊ နံဖူးတို့ကို မြေတွင် (သို့) ကြမ်းပြင်တွင်ထိစေပြီး ရှိခိုးခြင်းသည် ထိခြင်းငါးပါးနှင့် အညီရှိခိုးခြင်း ဖြစ်သည်။

ဆောင်ပုဒ်။ ။ ခြေ လက် နဖူး၊ တံတောင် ဒူး၊ ငါးဦး မြေထိစေ။

“ရပ်လျက် ရှိခိုးခြင်း”

လမ်းတွင် ရဟန်းသံဃာတော်တို့ကို ဆုံတွေသောအခါ ဦးထုပ်၊ ဖိနပ်ချွတ်၍ ခြေဆုံရပ်ကာ လက်အုပ်ကို ဦးထိပ်တွင်တင်လျက် ကိုယ်ကိုရှေ့သို့ညွှတ်ကာ ရှိခိုးရပါမည်။

“ထိုင်လျက်ရှိခိုးခြင်း”

အမျိုးသားဖြစ်လျှင် ဆောင့်ကြောင့်ထိုက်လျက်၊ အမျိုးသမီးဖြစ်လျှင် ကြုံကြံုထိုင်လျက် ထိခြင်းငါးပါးနှင့်အညီ တုပ်ဝပ်လျက် ရှိခိုးရပါမည်။

ဘုရားရှိခိုးသောအခါ ဦးစွာပထမ ဦးချရပါမည်။ ဦးချပြီးမှသာ -

ဗုဒ္ဓံ ပူဇေမိ = ဗုဒ္ဓ - မြတ်စွာဘုရားကို၊ ပူဇေမိ - ပူဇော်ပါ၏ဘုရား။

ဓမ္မံ ပူဇေမိ = ဓမ္မံ - တရားတော်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ဘုရား။

သံဃံ ပူဇေမိ = သံဃံ - သံဃာတော်အရှင်မြတ်ကို၊ ပူဇေမိ - ပူဇော်ပါ၏ဘုရား။ ဟု ဆိုုု၍ ဦးချရှိခိုးကန်တော့ရပါမည်။

သတင်းအရင်းမြစ် ဓမၼရတနာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။