သင့်ရဲ့အိမ်မွေးတိရစ္ဆာန်အချစ်တော်ခွေးလေးတွေ အိအ်ပျော်နေတဲ့အချိန် ဘာကို အိပ်မက်မက်နေမလဲ စဉ်းစားကြည့်ဖူးပါသလား။ ဟားဗတ်တက္ကသိုလ်က လေ့လာတွေ့ရှိချက်တစ်ခုအရ ခွေးတွေဟာ အိပ်ပျော်တဲ့အချိန်မှာ သူတို့နဲ့အနီးဆုံး၊ သူတို်အတွယ်တာဆုံး သူတို့သခင်ကိုသာ အိပ်မက်မက်တတ်ကြပါတယ်။

ဟားဗတ်ဆေးတက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Deirdre Barette ဟာ ခွေးတွေ အိပ်ပျော်တဲ့အခါ ဘာကို အိပ်မက်မက်တတ်မလဲဆိုတာကို လေ့လာခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုအရတော့ ခွေးတွေဟာ လူတွေနဲ့ အိပ်တဲ့အချိန် ဦးနှောက်လှုပ်ရှားတာ ခပ်ဆင်ဆင်ဖြစ်ပြီး သူတို့နဲ့အနီးဆုံးအရာကို အိပ်မက်မြင်မက်လေ့ရှိကြောင်းသိရပါတယ်။

" လူတွေက သူတို့စိတ်ဝင်စားတဲ့အရာ၊ ခေါင်းထဲမှတ်ထားမိတဲ့အရာတွေကို အိပ်မက်မက်တတ်သလိုပဲ ခွေးတွေကလဲ သူတို့နဲ့အနီးဆုံး သူတို့သခင်အကြောင်းကို အိပ်မက်မက်တတ်ကြပါတယ်။ သူတို့သခင်ရဲ့မျက်နှာ၊ အနံ၊ လှုပ်ရှားမှု၊ အသံအာရုံ စတာတွေကို မက်နိုင်တာဖြစ်ပြီး တစ်နေ့တာ သူတို့သခင်ကို ဘယ်လိုဒုက္ခပေးတာ၊ ဘယ်လိုပျော်အောင်လုပ်ပေးတာကအစ မက်နိုင်ပါတယ်" လို့ Dr.Deirdre ကနေပြောကြားခဲ့ပါတယ်။

Source : sunnyskyz

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။