မနက်အိပ်ယာနိုးနိုးခြင်း ဘာကြောင့်ရေသောက်သင့်တယ်လို့ သင်ထင်ပါသလဲ။အိပ်ယာနိုးနိုးခြင်းရေသောက်တာဟာ များစွာအကျိုးကျေးဇူးရှိပါတယ်။လူ့ခန္ဓာကိုယ်မှာ ရေဟာမရှိမဖြစ်ပါဘဲ။ရေအသက် တစ်မနက်ဆိုတာ သင်ကြားဖူးမှာပါ။ဘာကြောင့်ရှေးလူကြီးတွေဟာ ရေကိုသောက်သင့်တယ်လို့ပြောတာလဲ၊သိပ္ပံပညာရှင်တွေကကော ဘာလို့ ရေရဲ့အကျိုးကိုအမြဲဖော်ပြနေတာလဲ။ရေနဲ့လတ်ဆတ်တဲ့အသီးအ ရွက်တွေကိုစားသုံးလို့ အသက်(၇၀)ကျော်လို့မထင်ရဘဲ အပျိုလေးတွေလိုဖြစ် နေတဲ့လုူတွေကို ဖော့ဘုတ်စာမျက်တွေ မှာတွေ့ဖူးမှာပါ။ဒါကြောင့် သင်အိပ်ရာနိုးတိုင်း ရေတစ်ခွက်အမြဲသောက်သင့်ပါတယ်။

မနက်အိပ်ရာနိုးတိုင်းရေသောက်ရခြင်းရဲ့အကျိုးတွေကတော့…

-ကျန်းမာစေခြင်း

ရေသောက်ခြင်းဟာ တကယ်ကိုကျန်းမာစေပါတယ်။သာမာန်အားဖြင့်လူတစ်ယောက်ဟာ တစ်နေ့ကို(၇)ခွဲ (သို့မဟုတ်) (၈)နာရီအိပ်တတ်ပါတယ်။တစ်ညလုံး (၈)နာရီလုံးရေမသောက်ဘဲ အိပ်တာဟာဆိုရင်မနက်ခင်းနိုးလာတဲ့အခါ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်နည်းနေတတ်ပါတယ်။နိုးနိုးချင်း ရေတစ်ခွက်သောက်လိုက်ခြင်းဖြင် ့ ရေဓာတ်ကို ပြန်လည်ပြည့်ဝစေပြီး သွေးလည်ပတ်မှုအားလည်းကောင်းလာစေပါတယ်။

-နုပျိုစေခြင်း

ရေသောက်ခြင်းဟာ နုပျိုစေတယ်လို့ကျန်မာရေးပညာရှင်များက ပြောထားဖူးပါတယ်။ရေကို မနက်အိပ်ရာနိုး ပြီးသောက်သုံးခြင်းဟာ လူတစ်ယောက်ရဲ့ရင့်ရော်မှုတွေကို ရေဓာတ်ရဲ့ဖြည့်တင်းပေးခြင်းဖြင့် ရင့်ရော်မှုကို ထိန်းထားနိုင်တဲ့အပြင် လူတစ်ယောက်ကို ရှိနေတဲ့အတိုင်းအတာထက်တောင်ပိုပြီး နုပျိုစေနိုင်ပါတယ်။တကယ်နုပျိုချင်တယ်ဆိုရင်တော့ ရေကိုမနက်အိပ်ရာထမှ မဟုတ်ပါဘူး။တစ်နေ့တာလုံး ရေကိုနှစ်လီတာ(အများများသောက်နိုင်ရင်ပိုကောင်းပါတယ်)လောက် သောက်သုံးပေးခြင်းဖြင့် နုပျိုတဲ့န္ဓာကိုယ်လေးကိုရရှိပိုင်ဆိုင်စေမှာပါ။

-ဆီး၊၀မ်း မှန်စေခြင်း

မနက်ခင်းရေသောက်တဲ့လူတစ်ယောက်ဟာ ရေသောက်လိုက်ပြီးမကြာမီ ကိုခန္ဓာကိုယ်မှာရှိတဲ့ဇီဝကာမဖြစ်စဉ်တွေကို နိုးကြားလာစေပြီးတော့ မလိုအပ်တဲ့ခန္ဓာကိုယ်ရဲ့စွန့်ပစ်သင့်တဲ့ ဆီး၊၀မ်း တွေကိုမှန်မှန်စွန့်ပစ်ပေးတဲ့အတွက် ပေါ့ပါးလန်းဆန်းစေပြီးကျန်းမာမှုကို ရရှိစေနိုင်ပါတယ်။

-အသားအရေ ကြည်လင်လှပစေခြင်း

ရေသောက်ခြင်းဖြင့် အသားအရေကိုကြည်လင်လှပစေနိုင်တာ ကတော့အရမ်းသိသာပါတယ်။ရေသောက်တဲ့လူတစ်ယောက်နဲ့ ရေမသောက်တဲ့လူတစ်ယောက်ကို ယှဉ်ကြည့်မယ်ဆိုရင် ရေသောက်တဲ့လူဟာ အသားအရေဝင်းဝါစိုပြေနေတာကိုတွေ့မှာပါ။

-ဆံပင်ကို ကျန်းမာစိုပြေစေခြင်း

ရေသောက်ခြင်းဟာ လူကိုသာမက ဆံပင်ကိုပါစိုပြေစေပါတယ်။ရေမသောက်တဲ့လူတွေကို သင့်ပတ်ဝန်းကျင်မှာကြည့်လိုက်ပါ။ခြောက်သွေ့တဲ့အသားအရေနဲ့ခြောက်သွေ့တဲ့ဆံပင်ကို မြင်တွေ့မှာပါ။ဒါကြောင့်ရေသောက်ခြင်းဖြင့် ဆံကေသာကိုပါ ကျန်းမာစိုပြေစေပါတယ်။

-အပင်ပန်းခံနိုင်ခြင်း

မနက်ခင်းရေအဝသောက်ခြင်းဟာ လူတစ်ယောက်ရဲ့အားကိုဖြည့်တင်းပေးလိုက်သလိုပါပဲ။သင်အိပ်ရာက ထိုင်းထိုင်းမှိုင်မှိုင်းဖြင့် နှင့်ထလာပြီးနောက် ရေတစ်ခွက်အဝသောက်လိုက်ကြည့်ပါ။ဆယ်မိနစ်လောက် နေတာနဲ့ လန်းဆန်းသွားတာ သတိထားမိမှာပါ။တနေ့လုံး လုပ်သမျှ အပင်ပန်းခံနိုင်ပြီး လုပ်ငန်းဆောင်တာတွေကိုလည်း များစွာလုပ်ဆောင်နိုင်မှှာပါ။

နောက်ဆုံးပြောချင်တာကတော့ သင်မနက်ခင်းအိပ်ယာနိုးနိုးခြင်းရေတစ်ခွက်အဝ သောက်ပြီး တစ်နေ့လုံးကို ရေနှစ်လီတာလောက်သောက်ခြင်းဖြင့် ပိုမိုကျန်းမာကောင်းမွန်တဲ့ခန္ဓာကိုယ်ကို ရရှိစေနိုင်မှာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် sashalin today

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။