ပြီးခဲ့တဲ့ တနင်္ဂနွေညက အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်(၂)အဖြစ် တော့တီဟမ်စပါးအသင်းနှင့် ချယ်ဆီးအသင်းတို့ ကစားခဲ့ကြပါတယ်။ အင်္ဂလန် လန်ဒန်ဒါဘီပွဲ ဖြစ်တာနှင့် အညီ ၂ဘက်စလုံးက ရေကုန်ရေခန်း ဆော့ခဲ့ပါတယ်။ ပွဲပြီးမှာတော့ ချယ်ဆီးအသင်းက စပါးကို ၂-၁ဂိုးရလဒ်ဖြင့် အနိုင်ယူနိုင်ခဲ့ပါတယ်။ ချယ်ဆီးအသင်းအနေဖြင့် နောက်ဆုံးအချိန်ထိ ရေကုန်ရေခန်း ကစားခဲ့တာပါ။ 

ဦးဆောင်ဂိုးက စရရှိခဲ့တာကတော့ ချယ်ဆီးအသင်းပဲဖြစ်ပါတယ်။ ၂၃မိနစ်မှာ ဒီဂိုးကိုချယ်ဆီးအသင်း ရရှိလာတဲ့ ပြစ်ဒဏ်ဘောကို နောက်ခံလူ မာ့ကိုအလွန်ဆိုက ကန်သွင်းပြီး ဂိူးရယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးတဲ့နောက်မှတော့ စပါးအသင်းက ချယ်ဆီးကို အသားကုန်တိုက်စစ်ဖွင့်ဆော့လာပါတယ်။ ပထမပြီးခါနီးမှာ စပါးတိုက်စစ်မှူး ဟာရီကိန်းဘကန်ချက် တိုင်ထိထွက်ခဲ့လို့ စပါးအသင်းနစ်နာခဲ့ရပါတယ်။ မိနစ် ၈၁မိနစ်မှာ မိုရာတာအစားဝင်လာတဲ့ ဘတ်ရှူအာယီက OGသွင်းခဲ့လို့ စပါးအသင်း ချေပဂိုးပြန်ရရှိခဲ့ပါတယ်။ ၈၈မိနစ်မှာ မာ့ကိုသ်အလွန်ဆိုကပဲ ချယ်ဆီးအတွက် ဦးဆောင်ဂိုးထပ်မံသွင်းခဲ့ပါတယ်။ ပွဲပီးမှာတော့ ချယ်ဆီးက စပါးကို 2-1 ဂိုးရလဒ်ဖြင့်အနိုင်ရခဲ့ပါတယ်။

ပွဲပြီးမှာတော့ ချယ်ဆီးနည်းပြကွန်တီက ချန်ပီယံဖြစ်ချင်တဲ့ဆန္ဒတွေချဲလ်ဆီးရဲ့အသဲနှလုံးမှာကိန်းအောင်းနေဆဲလို့ပြောလိုက်ပါတယ်။ ကွန်တီက "ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှု ပြင်းထန်တဲ့ဆန္ဒ ကွင်းထဲမှာပေးဆပ်ကစားခဲ့မှုတွေဟာမယုံကြည်နိုင်စရာဖြစ်ပြီး ဒါ့ကြောင့်ကျွန်တော့်ကစားသမားတွေကိုကျေးဇူးတင်ချင်ပါတယ်။ တော့တင်ဟမ်နဲ့ရင်ဆိုင်ဖို့ဟာမလွယ်ကူပါဘူး။ တော့တင်ဟမ်ဟာတောင့်တင်းတဲ့အသင်းတစ်သင်းဖြစ်ပြီးသူတို့ဟာကြီးကြယ်တဲ့အသင်းတစ်သင်းဖြစ်လာနိူင်ကြောင်းပြသခဲ့ပါတယ်။ ကစားသမားတွေရဲ့အားထုတ်မှု နဲ့အရာအားလုံးကိုတိုက်ပွဲဝင်လိုတဲ့ဆန္ဒကိုကျွန်တော်ကျေနပ်မိပါတယ်။ သူတို့ဟာပြီးခဲ့တဲ့ရာသီကလိုချန်ပီယံဖြစ်ချင်တဲ့ဆန္ဒတွေရင်ထဲမှာရှိနေဆဲဆိုတာကိုပြသနိုင်ခဲ့ပါတယ်။ ပရိတ်သတ်တွေရဲ့အားပေးမှုကလည်းပွဲအတွင်းမှာသူတို့ကိုအများကြီးတွန်းအားပေးနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ကျွန်တော်တို့ပြန်လည်စတင်ဖို့အရေးကြီးပါပြီ။ အလုပ်တွေဆက်လက်ကြိုးစားသွားပြီး ကစားသမား တွေရဲ့အကောင်းဆုံးပုံစံကိုပြန်လည်ရရှိဖို့ကြိုးစားသွားပါမယ်။" လို့ပြောသွားပါတယ်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။