၂၀၁၇-၁၈ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲတွေကတော့ ကစားနေပြီဖြစ်ပါတယ်။ အသင်းကြီးတစ်သင်းဖြစ်တဲ့ မန်ချက်စတာယူနိုင်တက်ကတော့ လက်ရှိအချိန်မှာ ဇယားထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ၂ပွဲကစားပြီးချိန်မှာ ရမှတ် ၆မှတ် ရရှိထားပါတယ်။ ဒါ့အပြင် တိုက်စစ်ကခြေစွမ်းပြမှုနှင့်အတူ ရဂိုးက၈ဂိုးထိရရှိထားကာ ပေးဂီုး လုံးဝ မရှိသေးပါဘူး။

ယခုအခါမှတော့ မန်ချက်စတာယူနိုင်တက်နည်းပြ မော်ရင်ဟိုက မန်ချက်စတာယူနိုင်တက်၏ ရလဒ်တွေနှင့်ပတ်သတ်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။ “အခုအချိန် မှာ ကျွန်တော်ဖြစ် ချင် တဲ့ ဆန္ဒတစ် ခုက ကျွန်တော့အသင်း ဦးဆောင် ဂိုးအ ပေးခံရပြီး နောက် က လိုက် ကစားနေရတာကိုပါပဲ ။ ပြောရရင် တော့ ရှုံးနေ စေချင် တာပေါ့ဗျာ ။ ဒါမှလည်း သူတို့တွေ ဘယ် လောက် စိတ် အားထက် သန် သလဲဆိုတာကို တွေ့မြင် ရမှာပါ ။ အခု အချိန် မှာတော့ အရာရာတိုင်းက ကျွန်တော်တို့ကို အ လေးပေးနေကြပါပီ ။ ဒါပေမယ့် ဒီလိုအမြဲတမ်းဖြစ်သွားမှာမဟုတ် ဘူးလေ ။ ဒီ ခရီးရှည်ကြီး တစ် လျောက် မှာ ခက် ခဲကြမ်းတမ်းတဲ့ အချိုးအ ကွေ့တွေ ၊ ဆူးညှောင့်ခလုပ်တွေ ၊ အတားအဆီးတွေ ရှိလာဦး မှာပါပဲ ။ အဲ့ဒါတွေ အတွက် လည်း ကျွန်တော်တို့ အဆင် သင့်ဖြစ် နေဖို့ လိုပါတယ်”

ဒါ့အပြင် မန်ချက်စတာယူနိုင်တက် နည်းပြ မော်ရင်ဟိုက “အရှုံးဆိုတာ မ ကောင်းပါဘူး ။ ဒါပေမယ့် ဂိုးရှုံးနေလို့ နောက် က နေ လိုက် ကစားရတယ် ဆိုတာကလည်း စိန် ခေါ်မှုတစ် ခုပါပဲ ။ ရလဒ် တစ် ခု ကို ပြောင်းလဲဖို့ ကျွန်တော့လူတွေ ဘယ် လိုကြိုးစားကြမလဲဆိုတာကို ကျွန်တော် သိချင် မိပါတယ် ။ အခက် အခဲတွေနဲ့ ကြုံလာချိန် ကြရင် စောင့်ကြည့်ကြတာပေါ့ဗျာ ၊ နောက် ဆုံးမိနစ် တွေ မှာ အနိုင် ဂိုးတွေလိုအပ် လာတဲ့အချိန် မျိုးတွေပေါ့” လို့ပြောကြားခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းအနေဖြင့် ယခုနှစ်မှာ အမှတ်ပေးဖလားကို မှန်းနေတာပါ။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။