ပြီးခဲ့တဲ့ စနေနေ့ညက အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၂)ကို ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အာဆင်နယ်ကတော့ အဝေးကွင်းမှာ စတုတ်စီးတီးနှင့် ယှဉ်ပြိုင်ကစားခဲ့ရတာပါ။ ထိုပွဲမှာ စတုတ်စီးတီးအသင်းက အာဆင်နယ်အသင်းကို တိုက်စစ်မှူးသစ် ဟယ်ဆေးရိုဒရိုဂွတ်ဇ်ရဲ့ ဂိုးနှင့် အနိုင်ရခဲဲ့ပါတယ်။ အဆ်ိုပါပွဲစဉ်က အာဆင်နယ်ကွင်းလယ်လူ အိုဇေး၏ ခြေစွမ်းနှင့်ပတ်သတ်၍ ဘောလုံးပညာရှင်များ ကဝေဖန်ခဲ့ပါတယ်။

လီဗာပူးအသင်း၏ ဂန္တဝင်ကစားသမား ဂျရတ်ကတော့ “အိုဇေးလ် ဟာ တကယ့်ကို အပျင်းကြီးတဲ့ ကစားသမားပါ ။ သူပါ နေသမျှ တော့ အာဆင် နယ် တို့ ဘောလုံးကို ခြေ ထဲမှာ ရှိမ နေတဲ့ အချိန် တိုင်းမှာ တစ် လျောက် လျော့ နဲ့ ကစားနေရဦးမှာပါပဲ” လို့ ဝေဖန်ခဲ့ပါတယ်။ အာဆင် နယ် နည်းပြကြီး အာဆင် ၀င်းဂါး ဟာ စတုတ် စီးတီး အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် မှာ ဝေဖန် မှုတွေ ခံခဲ့ ရတဲ့ ကွင်းလယ်လူ အိုဇေးလ် ဘက် က နေ ကာကွယ် ပြောဆိုသွားခဲ့ပါတယ် ။ အိုဇေးလ် ဟာ စတုတ် စီးတီး ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ကြိုးစားအားထုတ် မှု လျော့နည်းခဲ့တယ် လို့ အာဆင် နယ် ကစားသမားဟောင်း မာတင် ကီယွန် နဲ့ လီဗာပူး အသင်းခေါင်းဆောင်ဟောင်း စတီဗင် ဂျရတ် တို့က ဝေဖန် ပြောဆိုသွားခဲ့ကြပါတယ်။  

ဒါပေမယ့် နည်းပြကြီးက တော့ ကွင်းလယ် ဖန် တီး ရှင် ဘက် က နေ ရပ် တည် ပေးသွားခဲ့ပါတယ် ။“ကျွန်တော် က တော့ အိုဇေးလ် လည်း ရလဒ် ကောင်းဖို့အတွက် တိုက် ပွဲဝင် ခဲ့တယ် လို့ ထင် တာပါပဲ ။ အခုလို ရှုံးနိမ့် နေတဲ့ အချိန် မျိုးမှာ တစ် ဦးတည်း အစွမ်းပြ နိုင် ဖို့ ဆိုတာ မလွယ် ကူတဲ့ ကိစ္စပါ ။ ကျွန်တော် တို့ တွေ အခွင့်အ ရေးအများကြီး အများကြီး ဖန် တီးနိုင် ခဲ့ပြီး ဂိုးမရခဲ့တာပါ ။ ဒီအတွက် ဝေဖန် တာတွေကို ကျွန်တော် တို့ ခံရသင့်ပါတယ် ။ အိုဇေးလ် က တော့ သူများတွေ ပြောဆိုသလိုမျီုးမဟုတ် ပါဘူး” လို့ နည်းပြကြီး အာဆင် ၀င်းဂါး က ပြောဆိုသွားခဲ့ပါတယ် ။ အာဆင် နယ် အသင်းဟာ လာမယ့် အပတ် မှာ လီဗာပူး အသင်းနဲ့ ရင် ဆိုင် ကစားရမှာဖြစ်ပြီး အဓိက တိုက် စစ် မှုး အလက်ဆစ် ဆန်းချက် ပြန် လည် ပါ၀င် လာနိုင် ဖို့ မျှော် လင့်ထားတယ် လို့လည်း နည်းပြကြီး ၀င်းဂါးက ပြောဆိုသွားခဲ့ပါတယ် ။ 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။