တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ စိတ်ကျန်းမာရေးဆေးရုံတစ်ခုတွင် အသက်(၈၆)နှစ်အရွယ် ဝမ်အမည်ရှိ အဖိုးအို တစ်ဦးကို သားဖြစ်သူမှ ပါးရိုက်ခြင်း၊ ေခြေထောက်များဖြင့် ကန်ခြင်း၊ ရုန်းမထွက်နိုင်အောင် ချည်နှောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း လျှို့ဝှက်ဗွီဒီယိုတစ်ခုမှ သိရှိရသည်။ နောက်ပိုင်း ဗွီဒီယိုဖိုင်ဟာ ပြန့်နှံ့သွားပြီး သားဖြစ်သူကို ရဲ့တပ်ဖွဲ့ဝင်များက ဖမ်းဆီးထားပြီးစစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။  

ထိုဗွီဒီယိုဖိုင်ကို အမည်မဖော်လိုသူ အွန်လိုင်းသုံးစွဲသူ တစ်ယောက်က သြဂုတ်လ(၂၀)ရက်နေ့တွင် တရုတ်လူမှုကွန်ယက်တစ်ခုတွင်တင်ထားခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူဟာ စိတ်ကျန်းမာရေးမကောင်းတဲ့ ဖခင်ရဲ့ခြေထောက်ကို ကုတင်ပေါ်မှ ချပေးရန် ကြိုးစားရာမှ အဆင်မပြေဘဲ၊ စိတ်တိုလာကာ စတင်ရိုက်ခဲ့တာဖြစ်ပြီး ဆေးရုံလာတိုင်း နေ့စဉ်ရိုက်ခဲ့ကြောင်းသိရှိရသည်။ “အိမ်ပြန်ရောက်ရင် သင့်တော်သလို ဆုံးမမယ်” လို့လည်း ပြောခဲ့ပါတယ်။  

လောကမှာ မိဘကျေးဇူး၊ သားသမီးကျင့်ဝတ်တွေကို ဥပက္ခာပြု လျစ်လျူရှုပြီး မိဘတွေကိုပြစ်မှားစော်ကားတဲ့ သားသမီးတွေ ဒူးနဲ့ဒေး အများအပြားရှိပါတယ်။ အရင်ကလည်း ရှိခဲ့တယ်။ အခုလည်း ရှိနေတုန်းပါပဲ။ မိဘတစ်ယောက်က သားသမီး(၁၀)ယောက်ကို ကျွေးမွေးပြုစုစောင့်ရှောက်နိုင်တယ်။ သားသမီးတစ်ယောက်ကကော မိဘတစ်ယောက်ကို မပြုစု၊ မစောင့်ရှောက်နိုင်ကြတာ ဝမ်းနည်းစရာပါပဲ။ သားကောင်းသမီးမြတ်များ ဖြစ်နိုင်ကြပါစေ..။

သတင်းအရင်းမြစ် Pann Pwint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။