ယနေ့မနက်ကယှဉ်ပြိုင်သွားခဲ့တဲ့ချန်ပီယံလိဂ် play off ဒုအကျော့မှာ အသင်းကြီးအများစုအသာရရှိခဲ့ပြီး နောက်တစ်ဆင့်ကိုတတ်လှမ်းနိုင်ခဲ့တဲ့ အသင်းတွေပေါ်ထွက်လာခဲ့ပြီလည်းဖြစ်ပါတယ်။နာပိုလီ ၊ဆီဗီလာ၊ ဆဲလ်တစ်၊မာရီဘော၊စတဲ့အသင်းတွေဟာ နောက်တစ်ဆင့်ကိုတတ်လှမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။ပထမအကျော့မှာအနိုင်ရရှိခဲ့တဲ့ အသင်းတွေဟာ ဒုကျော့မှာ နောက်တစ်ဆင့်တတ်လှမ်းနိုင်ဖို့ထိန်းကစားသွားခဲ့တာလည်းဖြစ်ပါတယ်။

နာပိုလီအသင်းဟာ နိုက်အသင်းကို အဝေးကွင်းမှာ ၂ဂိုး ၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုး ၀ ဂိုးနဲ့ နောက်တစ်ဆင့်ကို တတ်ရောက်သွားခဲ့ပြီလည်းဖြစ်ပါတယ်။ဆီဗီလာအသင်းဟာ အိမ်ကွင်းမှာ အစ်စတန်ဘူအသင်းကို လက်ခံကစားခဲ့ပြီး ၂ ဂိုး ၂ ဂိုး သရေကျခဲ့ပေမဲ့ ပထမအကျော့မှာ ဆီဗီလာအသင်းက ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိထားခဲ့တာကြောင့် ဆီဗီလာအသင်းဟာ နောက်တစ်ဆင့်ကိုတတ်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ဆဲလ်တစ်အသင်းဟာ အဝေးကွင်းမှာ အက်စတန်နာအသင်းကို ၄ ဂိုး ၃ဂိုးနဲ့ ရံှူးနိမ့်ခဲ့ပေမဲ့ ပကျော့က ၅ ဂိုးပြတ်အနိုင်ရရှိထားခဲ့တာကြောင့် နောက်တစ်ဆင့်ကို တတ်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

နောက်အသင်းတစ်သင်းဖြစ်တဲ့ မာရီဘောအသင်းဟာ အိမ်ကွင်းမှာ ၁ ဂိုး ဝဂိုနဲ့ ဟာပိုလ်းအသင်းကို အနိုင်ရရှိခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂ ဂိုး၂ဂိုး ဖြစ်နေပေမဲ့လည်း အဝေးဂိုးစည်းမျဉ်းအရ မာရီဘောအသင်းဟာ နောက်တစ်ဆင့်ကို တတ်ရောက်သွားခဲ့တာလည်းဖြစ်ပါတယ်။အိုလံပီယာကော့အသင်းဟာ ရီဂျီကာအသင်းကို အနိုင်ရရှိခဲ့ပြီး နောက်တစ်ဆင့်တတ်လှမ်းသွားခဲ့ပြီလည်းဖြစ်ပါတယ်။မနက်ဖြန်မနက်မှာယှဉ်ပြိုင်ကစားမဲ့ ကျန်ရှိနေတဲ့အသင်းတွေထဲက ဘယ်အသင်းတွေနောက်တစ်ဆင့်တတ်ရောက်နိုင်မလဲဆိုတာတော့ မနက်ဖြန် အဖြေပေါ်ပြီဗျာ။

source -  football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။