အဘိုးအတွက်ယူပေးတဲ့ဆုတံဆိပ်

ထို်င်းတော်ဝင်မင်းသမီးလေးသီရိဗန်နာဗရီဟာ

မလေးရှားဆီးဂိမ်းပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေတာ

အားလုံးသိကြမှာပါ။မင်းသမီးဟာသူမရဲ့

အချစ်တော်မြင်းကြီး Prince Charming နဲ့အတူ

ဆီးဂိမ်းမြင်းအလှစီးပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရာမှာ

ဒုတိယငွေတံဆိပ်ဆုဆွတ်ခူးခဲ့ပါတယ်။ပထမဆုကိုတော့

အိမ်ရှင်မလေးရှားကပဲဆွတ်ခူးသွားခဲ့တာပါ။

မင်းသမီးဟာကွယ်လွန်သွားပြီဖြစ်တဲ့

ဘုရင်ကြီးဘူမိဘောရဲ့အချစ်ဆုံးမြေးတော်တစ်ဦးပါ။

မင်းသမီးအနေနဲ့သူအခုရရှိတဲ့ငွေတံဆိပ်ဆုဟာ

သူ့အဖိုးအတွက်ရယူပေးတာပါလို့အင်တာဗျူးမှာ

ပြောကြားခဲ့ပါတယ်။နတ်ရွာစံသွားပြီဖြစ်တဲ့

ဘုရင်ကြီးအနေနဲ့သူ့မြေးတော်လေးရဲ့

အောင်မြင်မှုကိုကောင်းကင်ကြီးရဲ့

တစ်နေရာကနေကြည့်ရင်းဂုဏ်ယူနေမှာအသေအချာပါ။

မင်းသမီးဟာဆီးဂိမ်းပြိုင်ပွဲရဲ့VIPကစားသမား

တစ်ယောက်ဖြစ်ပြီးသူ့ရဲ့လုံခြုံရေးအတွက်မလေးရှားတော်ဝင်

ရဲ့တပ်ဖွဲ့ကအချိန်ပြည့်စောင့်ရှောက်နေရပါတယ်။

ဆီးဂိမ်းအဖွင့်ပွဲမှာလည်းမလေးရှားတော်ဝင်ရဲ့တပ်ဖွဲ့က

အထူးကွန်မန်ဒိုဆယ့်ခြောက်ယောက်ဟာမင်းသမီးရဲ့လုံခြံုရေး

အတွက်တာဝန်ယူပေးခဲ့ရပါတယ်။ဆီးဂိမ်းပြိုင်ပွဲဝင်မင်းသမီး

ရဲ့ပုံရိပ်တွေဟာဒီနှစ်KLဆီးဂိမ်းရဲ့အမှတ်တရပုံရိပ်တွေဖြစ်နေတော့မှာအသေအချာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။