အင်္ဂလန် တိုက်စစ်မှူးရွန်းနီကတော့ ပြီးခဲ့တဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ပွဲစဉ်(၂)မှာ လိဂ်ဂိုးတစ်ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ရွန်းနီအနေဖြင့် အဲဗာတန်အသင်းအတွက် ဦးဆောင်ဂိုးအဖြစ် မန်ချက်စတာစီးတီး အသင်းဘက်ကို သွင်းယူနိုင်ခဲ့တာပါ။ အဲဗာတန်အသင်း၏တိုက်စစ်မှူး ကလာဗက်လီဝင်ရဲ့ပေးပို့မှုကနေ ရွန်းနီကသွင်းယူခဲ့တာပါ။ သို့သော် စတာလင်က ချေပဂိုးပြန်သွင်းယူခဲ့လို့ အဲဗာတန်အသင်းနှင့် မန်ချက်စတာစီးတီး တစ်ဘက်၁ဂိုးစီနှင့် သရေကျခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ၁ဂိုးသွင်းယူပေးခဲ့တဲ့ ရွန်းနီကတော့ ပရီးမီးယားလိဂ်ဂိုး ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ 

ရွန်းနီအနေဖြင့် ပရီးမီးယားလိဂ်တွင် ဂိုးဖန်တီးပေးမှုကလည်း ၁၀၁ ကြိမ်ထိရှိခဲ့တာပါ။ ဒါကြောင့် ရွန်းနီဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပြန်လည်ကစားပေးဖို့အသင့်ဖြစ်နေပြီလို့ အဲဗာတန်နောက်ခံလူဂျာဂျယ်က ပြောကြားလိုက်ပါတယ်။ အဲဗာတန်အသင်းခေါင်းဆောင်ဖီးလ်ဂျာဂျယ်ကာကအသင်းဖော်ဖြစ်သူဝိန်းရွန်းနီဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်ပြန်လည်ရွေးချယ်ခြင်းခံရဖို့အသင့်ဖြစ်နေတယ်လို့ပြောလိုက်ပါတယ်။ရွန်းနီဟာယခုနွေရာသီမှာအဲဗာတန်ကိုပြန်လည်ရောက်ရှိလာခဲ့ပြီးပရီးမီးယားလိဝ်၂ပွဲစလုံး ဂိုးသွင်းယူနိုင်ခဲ့ပြီး မန်စီးတီးနဲ့ပွဲမှာဂိုးသွင်းယူခဲ့ပြီးနောက်လိဂ်သွင်းဂိုး၂၀၀ပါပြည့်မြောက်ခဲ့တဲ့မှတ်တမ်းကိုရရှိခဲ့ပါတယ်။ 

ဂျာဂျယ်ကာက "ရွန်းနီဟာ ပြီးခဲ့တဲ့ရာသီကသူအလိုရှိသလောက်ပွဲကစားခွင့်မရခဲ့ပါဘူး။ သူဟာအခုအဲဗာတန်မှာဘောလုံးကိုအပြည့်အဝအာရုံစိုက်နေပြီးအင်္ဂလန်လက်ရွေးစင်အတွက်ပြန်လည်ရွေးချယ်ခံခဲ့ရရင်သွင်းဂိုးတွေအများကြီးနဲ့သူစွမ်းဆောင်ပြမှာပါ။သူဟာအင်္ဂလန်ရဲ့သွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီးသူနဲ့ကျွန်တော်ပွဲတွေအများကြီးတွဲမကစားခဲ့ဖူးပေမယ့်သူဟာပုံစံကောင်းကိုပြန်လည်ရရှိနေပြီးအရင်ကလိုပဲနိုင်ပွဲဆာလောင်စိတ်ပြင်းထန်နေတုန်းပါ။ ဒါဟာကျွန်တော်တို့အတွက်ကောင်းမွန်တဲ့လက္ခဏာလို့မျှော်လင့်နေပါတယ်။ သူပျော်ရွှင်ရမှာသေချာပါတယ်။ လက်ရွေးစင်အသင်းမှာမရွေးချယ်ခံရရင်တော့သူအနားယူရပြီးအသင်းအတွက်အပြည့်အဝအာရုံစိုက်နိုင်မှာမို့လို့ကျွန်တော်တို့ကတော့ဝမ်းမြောက်မိမှာပါ။" လို့ပြောသွားပါတယ်။ 

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။