လိုင်လီအသင်းဟာ ချဲလ်ဆီးအသင်းရဲ့တိုက်စစ်မှူး ဘတ်ရှူအာရီကို ပေါင် ၃၆ သန်းနဲ့ခေါ်ယူရန် ပြင်ဆင်နေလျက်ရှိနေတယ်လို့သတင်းတွေကဆိုခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ဘတ်ရှူအာရီကို ရောင်းထုတ်ဖြစ်ခဲ့လျှင် လက်စတာစီးတီးအသင်းရဲ့တိုက်စစ်မှူး ဗာဒီကို ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့လည်းသိရပါတယ်။ဘတ်ရှူအာရီဟာ ချဲလ်ဆီးအသင်းနဲ့ပွဲထွက် ၂ ပွဲပါဝင်ကစားခွင့်ရရှိခဲ့ပေမဲ့ ဂိုးတော့သွင်းယူထားခြင်းမရှိသေးပါဘူး။ဒါ့အပြင် စပါးအသင်းနဲ့ပွဲတွင် ချဲလ်ဆီးအသင်းရဲ့ လူစားဝင်ကစားသမားအဖြစ်ကစားခဲ့ပြီး own goal သွင်းယူခဲ့တာကြောင့် အသင်းပရိတ်သတ်တွေရဲ့ ဝေဖန်မှုကိုလည်းခံနေရသူလည်းဖြစ်ပါတယ်

အသက် ၂၃ နှစ်သာရှိသေးတဲ့ဘတ်ရှူအာရီဟာ ၂၀၁၆ ခုနှစ်ကမှ မာဆေးလ်အသင်းကနေ ချဲလ်ဆီးအသင်းကို ယူရို ၃၉ သန်းနဲ့ ရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။ဘတ်ရှူအာရီဟာ ပြီးခဲ့တဲ့ရာသီက တိုက်စစ်မှူး ဒီယေကော်စတာရဲ့ နောက် အရန်သာ ကစားခွင့့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ယခုနှစ်ရာသီမှာလည်း မိုရာတာကို ချဲလ်ဆီးအသင်းကခေါ်ယူထားခဲ့တာကြောင့် အရန်ကစားသမားအဖြစ်နဲ့ပဲ ကစားရဖို့ အနေအထားလည်းရှိနေတာဖြစ်ပါတယ်။ဘတ်ရှူအာရီဟာ ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်မယ့် လိုင်လီအသင်းကိုပြောင်းရွှေ့သွားမလားဆိုတာတော့ စောင့်ကြည့်ရအုံးမယ်ဗျာ။

ဘတ်ရှူအာရီဟာ ချဲလ်ဆီးအသင်းမှာ ပွဲပေါင်း ၃၁ ပွဲကစားခွင့်ရရှိထားခဲ့ပြီး ၉ ဂိုးသွင်းယူထားနိုင်ခဲ့ကာ ၃ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ချဲလ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားထားပြီး တစ်ပွဲနိုင် တစ်ပွဲရံှူး ရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ချဲလ်ဆီးအသင်းနည်းပြ ကွန်တီဟာ တစ်ခြားတိုက်စစ်မှူးဖြစ်တဲ့ ဒီယေဂိုကော်စတာကိုလည်း ရောင်းထုတ်သွားမှာလည်းဖြစ်တယ်လို့သိရပါတယ်။ကွန်တီဟာ လက်စတာအသင်းတိုက်စစ်မှူးဖြစ်တဲ့ ဗာဒီကို စိတ်ဝင်စားနေတာဖြစ်ပြီး ခေါ်ယူရန် စုံစမ်းမှုတွေပြုလုပ်တော့မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

source - football transfer news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။