မြန်မာတို့အတွက်လေးခုမြောက်ရွှေ

မြန်မာဝူရှုးကစားသမားတွေကတော့မြန်မာနိုင်ငံဂုဏ်

ကိုဆောင်ပြီးရင်းဆောင်ရင်းပေါ့ခင်ဗျ။အခုလည်း

မြန်မာနိုင်ငံအတွက် လေးခုမြောက်ရွှေတံဆိပ်ကို

ဝူရှုးကစားသမားတွေဆွတ်ခူးပေးလိုက်ပြန်ပြီဗျို့။

မြန်မာအသင်းအတွက်ရွှေဆုရယူပေးခဲ့သူကတော့

ဝူရှုးမယ်မြတ်သက်စုဝေဖြိုးဖြစ်ပါတယ်။

သူမဟာဝူရှုးပြိုင်ပွဲတစ်ခုဖြစ်တဲ့ချန်းချွမ်မှာ တစ်နိုင်ငံတည်း

ပြိုင်ဘက်ဖြစ်တဲ့စန္ဒီဦးကိုတစ်မှတ်အသာနဲ့ဗိုလ်စွဲသွား

ခဲ့တာပါ။မြတ်သက်စုဝေက 9.67မှတ်နဲ့ရွှေရသွားပြီး၊

စန္ဒီဦးက9.66နဲ့ငွေ၊စင်ကာပူအားကစားမယ်

ဖန်းကတော့9.64နဲ့ကြေးတံဆိပ်အသီးသီးဆွတ်ခူးခဲ့ကြ

ပါတယ်။မြန်မာဝူရှုးအဖွဲ့အနေနဲ့အခုဆိုရင်ရွှေတံဆိပ်နှစ်ခု

ရယူပေးထားနိုင်ပြီးသိန်းသန်းဦးနဲ့မြတ်သက်စုဝေတို့က

ရယူပေးထားခဲ့တာပါ။

မြန်မာဘောလုံးအဖွဲ့ချုပ်ကလည်းအားကစားအဖွဲ့ချုပ်

အချင်းချင်းအားပေးတဲ့အနေနဲ့မြန်မာဝူရှုး

အားကစားသမားတွေကိုUSD 6000ပေးအပ်ခဲ့ပါသေးတယ်။

ဒီနှစ်ဆီးဂိမ်းမှာတော့မြန်မာ့အားကစားဝူရှုးအဖွဲ့ရဲ့

တာဝန်တွေပြီးဆုံးသွားခဲ့ပါပြီ။စာရင်းချုပ်လိုက်ရင်တော့

မြမ်မာ့ဝူရှုးအဖွဲ့ဟာ ရွှေ နှစ်၊ငွေနှစ်နဲ့ကြေးနှစ်ရပြီး

နိုင်ငံဂုဏ်ကိုဆောင်နိုင်ခဲ့တယ်လို့ဆိုရမှာပါ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။