ယခုခေတ်မှာ MPUကတ်ကိုတော့ အသုံးပြုမှုတွင်ကျယ်လာတာတွေ့ရပါတယ်။သို့ပေမဲ့လည်း လိုင်းကြောင့်လည်းကောင်း တချို့ချို့ကြောင့်အဆင်မပြေမှုတွေလည်း ကြုံတွေ့နေရတက်ပါတယ်။ ဒါဟာလည်းပြသာနာအကြီးကြီးမဟုတ်တောင်အရေးကြီးချိန်တွင် ပြသာနာကြီးသဖွယ်ဖြစ်တက်ပါတယ်။ဒါကြောင့် MPUသုံးစွဲသူတို့အနေနဲ့ တခုခုကြောင့် Errorဖြစ်ပေါ်ပါက ပြုလုပ်သင့်သည့်အရာများကိုဖော်ပြလိုက်ရပါတယ်။ 

MPU ကတ်တွေမှာ ဖြစ်တတ်တဲ့ ATM စက်တွေမှာ ငွေသားထုတ်ယူတဲ့အခါ ငွေတွေမထွက်လာဘဲ ကတ်ပဲပြန်ထွက်လာတာမျိုး ၊ POS တွေမှာ ဈေးဝယ်တဲ့အခါမှာ Transactions Fail ဖြစ်တာမျိုး၊ ကတ်ထဲကနေ ငွေကို ထပ်ခါထပ်ခါ ဖြတ်မိတာမျိုး စတာတွေဖြစ်တက်ပါတယ်။ယခုလို ဖြစ်လာခဲ့ရင် ကတ်ရဲ့သက်ဆိုင်ရာ ဘဏ်ဒါမှမဟုတ် MPUဆီကိုတိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။

MPU ကတ်တွေကို POS အရောင်းစနစ်အတိုင်း ငွေချေနိုင်မှာ ဖြစ်ပြီး ချိတ်ဆက်ထားတဲ့ ဘဏ်တွေရဲ့ ကွန်ရက်အချင်းချင်း ငွေထုတ်ခြင်း ၊ ဈေးဝယ်စင်တာတွေမှာ ဈေးဝယ်ခြင်း နဲ့အခြားငွေပေးငွေချေ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုနိုင်ပါတယ်။ လက်ရှိမှာ MPU ကွန်ရက်ဟာ ဘဏ်ပေါင်း ၂၀ ကျော်နဲ့ချိတ်ဆက်ထားပြီး အသုံးပြုသူ ၂ သန်းကျော်နေပြီ ဖြစ်တယ်လို့သိရပါတယ်။ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ 01-8603984 / 01-8603893 တို့ဖြစ်တယ်လို့ သိရပါတယ်။အဲဒီဖုန်းတွေကို တနင်္လာကနေ သောကြာနေ့မှာ နံနက် ၉ နာရီကနေ ည ၉ နာရီ၊ စနေ၊ တနင်္ဂနွေနေ့တွေမှာ နံနက် ၉ နာရီကနေ ည ၇ နာရီနဲ့ အစိုးရရုံးပိတ်ရက် တွေမှာတော့ နံနက် ၉ နာရီကနေ ည ၇ နာရီအထိဆက်သွယ်နိုင်မှာဖြစ်ပါတယ်။ ကတ်ပျက်စီးသွားရင်တော့ ကတ်ရဲ့တန်ဖိုးအတိုင်း ပြန်လည် ပေးဆောင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

သတင်းအရင်းမြစ် Internet Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။