လက်ရှိမှာ #RIPMileyCyrus ဆိုတဲ့ Hashtag ဟာ လူမှုကွန်ယက်တွေမှာပျံ့နေပြီး " မိုင်လေဆိုင်းရပ်စ် ်ကောင်းရာမွန်ရာရောက်ပါစေ" ဆိုပြီး အဓိပ္ပါယ်​ရပါတယ်။ ဒါကိုမြင်ကြတဲ့ မိုင်လေ့ပရိသတ်တွေဟာ စိတ်လှုပ်ရှားပြီး မိုင်လေ့အတွက်စိတ်ပူပေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ Hashtagဟာ ဒေါသထွက်နေကြတဲ့ Kpop ပရိသတ်တွေရေးခဲ့တာဖြစ်ပြီး လူမှုကွန်ယက်မှာ အတွေ့များလာရပါတယ်။ ဒီထဲမှာ Justinရဲ့အကြောင်းအရာတစ်ချို့လဲ ပါဝင်ခဲ့တယ်လို့တွေ့ရပါတယ်။

ုဖြစ်ပုံက ဒီလိုပါ။ မိုင်လေ့ပရိသတ်တစ်ဦးကနေပြီး Twitterမှာ Kpop က အာရှ မှာပဲ ကျော်ကြားတာပါလို့ပြောပြီး #RIPMileyCyrus Hashtag နဲ့အတူ တခြားသောလူမျိုးရေးခွဲခြားတဲ့ Comment တွေရေးအခါ Kpopပရိသတ်တွေရဲ့ဒေါသကို ိုသွားဆွသလိုဖြစ်ပြီး Kpop ပရိသတ်ထုကနေ ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

လက်ရှိမှာ ဒီလူမှုကွန်ယက်ပေါ်ကတိုက်ပွဲကို ဘယ်သူကစခဲ့တာဆိုပြီး တစ်ဖက်နဲ့တစ်ဖက်အငြင်းပွားလျက်ရှိပြီး Twitterအသုံးပြုသူတစ်ဦးဖြစ်တဲ့ @SurongQ ကနေ " ဒီစာသားကို မိုင်လေ့ပရိသတ်တစ်ဦးကနေစခဲ့တာပါ။ Kpopပရိသတ်တွေကတော့ သူတို့ချစ်ရတဲ့ Idolတွေကို ကာကွယ်ဖို့အတွက်ပဲလုပ်နေတာပါ။ " လို့ရေးသားခဲ့ပါတယ်။

ဒီနေရာမှာလဲ #exosnatchedjustinsfansparty ဆိုတဲ့ Hashtagဟာခေတ်စားလာခဲ့ပြီး ဒေါသထွက်နေတဲ့ Exo Fanတစ်စုဟာ Justinရဲ့ Showပွဲနဲ့ Exoရဲ့ မကြာသေးမီက ဂျပန်မှာလုပ်ခဲ့တဲ့ Showပွဲကိုယှဉ်ပြပြီး Justinရဲ့ ပွဲမှာ ပရိသတ်မရှိခြောက်ကပ်နေပြီး Exoရဲ့ပွဲမှာတော့ ပရိသတ်တွေပြည့်ကျပ်နေတယ်ဆိုတာ ယှဉ်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံဟာ Justinရဲ့ Showပွဲအပြီး ပရိသတ်တွေပြန်သွားတဲ့အခါမှရိုက်ထားတဲ့ပုံဖြစ်ပြီး မှားနေပါတယ်လို့ UnrealityTV ကနေရေးသားခဲ့ပါတယ်။

ကဲ ကိစ္စသေးသေးလေးကနေစပြီး တစ်ကမ္ဘာလုံးက အင်တာနက်အသုံးပြုတွေအပေါ် ခဏလေးအတွင်းပျံ့ နှံခဲ့တဲ့ ဂယက်က ပရိသတ်တွေ သူတို့ရဲ့ Idolကို ဘယ်လောက်ချစ်တယ်ဆိုတာပြနေကြပါတယ်နော်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။