ဝတ်မှုန်ရွှေရည် နဲ့တွဲနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သတ်ပြီး နေတိုးရှင်းပြီ

ထပ်ဆင့်အကယ်ဒမီ နေတိုးဟာ မြန်မာနိုင်ငံရဲ့ လက်ချိုးရေလို့ရတဲ့မင်းသားတွေထဲကမှ ထိပ်တန်းမင်းသားတစ်လက်ပါ။ "ဇော်ကကနေသည်" ဇာတ်ကားနဲ့ အကယ်ဒမီစတင်ရရှိခဲ့ပြီး အခုချိန်မှာတော့ အကယ်ဒမီရွှေစင်ရုပ်တုနှစ်ခု ပိုင်ဆိုင်ထားပြီး အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်လျက်ရှိပါတယ်။ လက်ရှိမှာတော့ From Bangkok to Mandalay ဆိုတဲ့ မြန်မာ-ထိုင်း ဖက်စပ်ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ရုံတင်ပြသလျက်ရှိပါတယ်။

လွန်ခဲ့တဲ့ရက်အနည်းတုန်းတော့ နေတိုးနဲ့ ဝတ်မှုံရွှေရည်တို့ လက်ထပ်တော့မယ်ဆိုတော့သတင်း လူမှုကွန်ယက်ပေါ်ရောက်လာခဲ့ပြီး သူတို့ပရိသတ်တွေကြား ရေပန်းစားသွားပါသေးတယ်။

"နာမည်ကြီး မင်းသား လူပျိုကြီး အကယ်ဒမီ နေတိုးနဲ့ နာမည်ကြီးမင်းသမီး အကယ်ဒမီ ဝတ်မှုံရွှေရည်တို့ လက်ထပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီသတင်း မှားလား မှန်လား ဆိုတာကတော့ ကာယကံရှင်တွေ ဖြေရှင်းမှပဲ သိရမှာပါ။ ဒီသတင်းကြောင့် ပရိသတ်တွေကြားမှာ ကွဲလွဲတဲ့ ဝေဖန်သံတွေ ထွက်ပေါ်နေပါတယ်" ဆိုပြီး သတင်းပေ့ချ် တစ်ခုကတင်ထားတာကို တွေ့ခဲ့ရပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး နေတိုးဟာ မနေ့ကညနေက သူ့အကောင့်ကနေ အားလုံးကို ရှင်းလင်းပြောပြသွားပါတယ်။

"ဒီကိစ္စနဲ့ ပတ်သတ်ပြီး ပြောချင်ပါတယ်။ ပြောပြထားတဲ့ပုံတေ shooting မှာ ရိုက်တဲ့ပုံတွေပါ။ ရေးထားတဲ့ စာထဲမှာ ပြောထားတွေက တကယ်မဟုတ်ပါဘူး" ဆိုပြီး သတင်းအမှား ဖြစ်ကြောင်းကို အတည်ပြု ပြောကြားသွားခဲ့ပါတယ်။

ကဲ အားလုံးရှင်းသွားပါပြီနော် ပရိသတ်ကြီးရေ……

လက်ရှိမှာတော့ လူပျိုကြီး ကိုနေတိုးက ချစ်တဲ့ ပရိသတ်တွေအတွက် အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်သွားမယ်လို့ သိရပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။