မိန်းကလေးပရိသတ်တွေအားပေးမှုများနေတဲ့တော်ဝင်မင်းသားလေးရဲ့အားကစားပြိုင်ပွဲ

ဘရူနိုင်းတော်ဝင်မင်းသားလေးမက်တီးဘော်ကီးယားဟာ

မလေးရှားနိုင်ငံဆီးဂိမ်းပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်နေတာ

အားလုံးသိကြမှာပါ။ မနေ့ကဆိုသူပါဝင်တဲ့ဘရူနိုင်းပိုလိုအသင်းဟာ

မလေးရှားပိုလိုအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။အဲ့ဒီပွဲမှာလာရောက်အားပေးသူသုံးထောင်ကျော်ရှိပြီး

မိန်းကလေးပရိသတ်တွေပိုများတယ်လို့သတင်းတွေက

ဆိုပါတယ်။အများစုကတော့မင်းသားလေးကိုလာအားပေးကြတာပါ။

တစ်ဖက်အသင်းမှာမလေးရှားအားကစားဝန်ကြီး

ခါဟာရီဝင်ရောက်ကစားခဲ့ပြီးမင်းသားတို့ပါဝင်တဲ့

အသင်းကိုအနိုင်ရသွားခဲ့ပါတယ်။ဘရူနိုင်းအသင်းမှာ

မင်းသားမက်တီးနဲ့မင်းသမီးဟေဇယ်၊အိမ်ရှင်အသင်းဘက်က

ခါဟာရီတို့လိုနာမည်ကြီးနိုင်ငံရေးသမားတွေပါဝင်လာလို့

စင်ကာပူသတင်းစာစထရိတ်တိုင်းကဆယ်လီဘရစ်တီတွေ

ကစားတဲ့ပွဲလို့အမည်ပေးဖော်ပြခဲ့ပါတယ်။ခါဟာရီကတော့

ဘရူနိုင်းအသင်းအသင်းဟာအရမ်းကောင်းမွန်တဲ့အသင်းဖြစ်ပါတယ်ချီးကျူးခဲ့ပါတယ်။

အိမ်ရှင်မလေးရှားအမျိုးသမီးပရိသတ်တွေအနေနဲ့သူ့အသင်းကို

အားပေးရမယ့်အစားမင်းသားလေးမက်တီးကိုအားပေးနေခဲ့

ကြတာကတော့အံသြစရာပါ။မင်းသားလေးကစားတဲ့

ပိုလိုပွဲကိုဖခမည်းတော်ဘရူနိုင်းစော်ဘွားကြီး

ဟာဆန်နယ်ဘော်ကီးယားကိုယ်တိုင်လာရောက်

အားပေးခဲ့ပါတယ်။မင်းသားမက်တီးဟာ

ရုပ်ရည်ချောမောခန့်ညားမှုကြောင့်အင်စတာဂရမ်၊

ဖေ့ဘွတ်တို့မှာအလွန်ကျော်ကြားသူဖြစ်ပြီး

သူကစားမယ့်နောက်ပွဲစဉ်တွေအတွက်လည်း

မိန်းကလေးပရိသတ်တွေအားပေးဖို့ပြင်ဆင်နေကြပါပြီ။

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။