တော်ကီအလန်းလေးတွေကို သီချင်းသံစဉ်စာသားဖြစ်အောင် ပြောင်းလဲသီဆိုနိုင်သူထဲမှာ လူငယ်အဆိုတေ်ာ Gfatt လည်း အပါအဝင်ပါပဲ။

Gfatt တစ်ယောက် ဘာလို့များ နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်နေရလဲဆိုတာကိုတော့ သူ့ရဲ့ အမိုက်စားသီချင်းလေးတွေကို နားထောင်ဖူးသူတိုင်း သိကြမယ်ထင်ပါတယ်။

Gfamily Hip Hop အဆိုတော်အဖွဲ့ကနေ ဂီတလောကဘက် တစ်ကိုယ်တော် သီချင်းတွေနဲ့အတူ ထိုးဖောက်လာနိုင်တဲ့ ဂျီဖတ် တစ်ယောက် လက်ရှိမှာတော့ ပရိသတ်အခိုင်အမာရရှိထားသူဖြစ်နေပါပြီ။

အဆိုပိုင်းမှာသာမက သရုပ်ဆောင်ဘက်မှာပါ ခြေဦးလှည့်နေရတဲ့ ဂျီဖတ် ကို အားပေးတဲ့ လူငယ်ပရိသတ်တွေကတော့ တစ်နိုင်ငံလုံးမှာ ဒုနဲ့ဒေးပါပဲ။

အချစ်ရေးနဲ့ပတ်သက်ပြီး နာမည်ကြီးမင်းသမီးတစ်လက်နဲ့ သတင်းထွက်နေတဲ့ ဂျီဖတ် ကတော့ ဘယ်လောက်ထိ စန်းရှိလဲဆိုရင် သူ့ကိုချစ်ခင်အားပေးတဲ့ မိန်းကလေးပရိသတ်အချို့ အနမ်းပေးတာတောင်ခံလိုက်ရပါတယ်။

ပရိသတ်တွေနဲ့အမြဲတမ်းရင်းရင်းနှီးနှီးနေတတ်တဲ့ ဂျီဖတ် တစ်ယောက် သူ့ပရိသတ်တွေနဲ့ပတ်သတ်ပြီး မာနကြီးတာမျိုးတောင်မရှိပဲ အနမ်းခံလိုက်ရတဲ့ ပုံတွေက လူမှုကွန်ရက်မှာ လူပြောများနေတာဖြစ်ပါတယ်။

ဂျီဖတ်ကို အားပေးတဲ့ပရိသတ်တွေရှီလား။ 

သတင်းအရင်းမြစ် Gfatt fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။