ဒီတစ်ခါမှာတော့ ကိုယ်ချစ်တဲ့ အနုပညာရှင်တွေအကြောင်း စိတ်ဝင်စားတဲ့ ပရိသတ်ကြီးအတွက် နိုင်ငံခြားခရီးထွက်နေတဲ့ မင်းသား မင်းသမီးတွေအကြောင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နာမည်ကြီး အဆိုတော်တစ်ဦးရယ် ထိပ်တန်းမင်းသမီးတစ်လက်နဲ့ ဒိတ်ဒိတ်ကြဲ မော်ဒယ်တစ်ဦးတို့ကတော့ ပြည်ပသို့ ရောက်ရှိနေပါတယ် ပရိသတ်ကြီးရေ.......

ပရိသတ်အချစ်တော် နိုင်ငံကျော်အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ကတော့ လန်ဒန်ကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ လန်ဒန်မြို့ရဲ့ လှပတဲ့နောက်ခံရှုခင်းတွေရယ် Tower Bridge တံတားကြီးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေက ပရိသတ်တွေကြားပျံ့နှံ့နေပြီး စိုင်းစိုင်းတစ်ယောက် Vfestival ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ 

ချစ်ရတဲ့ နိုင်ငံကျော်မင်းသမီး ဖွေးဖွေးကလည်း နယူးယောက်မြို့ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားပါတယ် ပရိသတ်ကြီးရေ။ ချစ်တဲ့ ပရိသတ်ကြီးကိုလည်း လိမ်လိမ်မာမာနေခဲ့ဖို့ မှာခဲ့ပါသေးတယ် ပရိသတ်ကြီးရေ။ ထိပ်တန်း မော်ဒယ်လ် အွန်ဆိုင်းကလည်း ပြည်ပခရီး ထွက်နေပါတယ် ပရိသတ်ကြီးရေ။ သူမကတော့ ခရီးသွားချစ်သူတွေ သဘောကျတဲ့ အီတလီနိုင်ငံကို သူငယ်ချင်းတွေနဲ့အတူ ရောက်နေပါတယ် ပရိသတ်ကြီးရေ.....

ပရိသတ်ကြီးအတွက် ချစ်ရတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်နော်....

Photo Source: Sai Sai, Phway Phway & Awn  Seng

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။