ထိပ်တန်းမင်းသားတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေ အပြိုင်အဆိုင် ရုံတင်ပြသပြီးအောင်ပွဲတွေ အသီးသီးရနေတဲ့အချိန်မှာပဲ ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်မှလုံးဝမပါ၀င်တဲ့ စိတ်ဝင်စားဖွယ်ဇာတ်ကားပေါ်ထွက်လာပါပြီ။စာရေးသူအမြင်အရပြောရရင် ကိုယ်နှစ်သက်ရာမင်းသားကိုအစွဲပြု လာရောက်အားပေးတဲ့ အခြေအနေမျိုးမှာ မြန်မာရုပ်ရှင်ဇာတ်ကားတွေက ဒိတ်ဒိတ်ကြဲ မင်းသား၊မင်းသမီး အစုံအလင်နဲ့ ပွဲထွက်လေ့ရှိသလို ထုတ်လုပ်ရေးနဲ့ရုပ်ရှင်ရုံပိုင်ရှင်စိတ်ကြိုက် ရုံတင်စနစ်ကလည်း ရုံတင်ကားအောင်မြင်မှုရရှိဖို့ မူတည်နေပါတယ်။

ဒီနေ့တွေ့လိုက်ရတဲ့ ပိုစတာကြောင့် ဒီဇာတ်ကားကိုအတော်လေးစိတ်ဝင်စားမိပါတယ်။ စာရေးသူကြားမိသလောက် အနုပညာအလွှာအလိုက်ငွေကြေး ရရှိမှုနှုန်းကွဲပြားသလို ဇာတ်ဆောင်၊ဇာတ်ပို့ အနုပညာကြေးကလည်းမတူညီကြောင်း ကြားသိရပါတယ်။နောက်တစ်ချက်က ဒိတ်ဒိတ်ကြဲမင်းသားတွေ လုံးဝမပါ၀င်တဲ့ ရုပ်ရှင်ဇာတ်ကား အောင်မြင်ဖို့ဆိုတာကလည်း စွန့်စားမှုတစ်ခုပါ။ဒါပေမယ့် ဒီဇာတ်ကား ပိုစတာနဲ့တင် သတိရမိတာက တစ်ချိန်က အောင်မြင်ခဲ့တဲ့ “ဘီလူး”၊ “ဤအရာကိုအချစ်ဟုခေါ်သလား” အဲ့နှစ်ကားပြေးမြင်မိပါတယ်။ အဲ့ဇာတ်ကားနှစ်ကား စလုံးဟာ အောင်မြင်ခဲ့သလို ဒိတ်ဒိတ်ကြဲ မင်းသား၊မင်းသမီး လုံးဝဧကန် မပါ၀င်တဲ့ ဇာတ်ကားပါ။အထက်ပါဇာတ်ကားတွေကို ပရိသတ်အားပေးမှုအပြည့်အဝရရှိခဲ့တာကလည်း သမိုင်းမှတ်တိုင်တစ်ခုပါပဲ။

အခုမကြာခင်ထါက်ရှိမယ့်ထိပ်တန်းမင်းသားလုံးဝမပါဘဲရွှေမှုံရတီအထူးပါ၀င်တဲ့ဇာတ်ကားကြီးကတော့ပြည်ဟိန်းသီဟရုပ်ရှင်ထုတ်လုပ်ရေးရဲ့ပွဲဦးထွက်ရုပ်ရှင်လပ်ကီးဆဲဗင်းပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာရွှေမှုံရတီကအထူးသရုပ်ဆောင်ပြီးမေသဥ္ဇာဦး၊မြတ်ကေသီအောင်၊ခင်ဇာခြည်ကျော်၊ဝါဝါအောင်၊ဂွမ်းပုံနဲ့ဟာသ သရုပ်ဆောင်များစွာပါ၀င်ထားတယ်လို့သိရပါတယ်။ခင်လှိုင်၊ဒိန်းဒေါင်၊ငှက်ပျေကျော်၊ဆင်မ၊အုန်းသီး၊အောင်သော်၊မျောက်ရှုံး၊ကြာစီ၊ကျင်ဝှက်၊အောင်မော်အစရှိတဲ့ ဒိတ်ဒိတ်ကြဲဟာသ သရုပ်ဆောင်တွေနဲ့ ၀န်းရံထားပါတယ်။ ဒါရိုက်တာကတော့ ဘောစိ၊မင်းလည်းဘိုကေ..ငါလည်းဘိုကေ ၊ ကြီးကြီးကျယ်ကျယ် အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးခဲ့သူ ဒါရိုက်တာ ပြည်ဟိန်းသီဟပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဟာသ အစစ်အမှန်ကို နှစ်သက်အားပေးရင်..ကွန်းမန့်လေးတွေ ပေးခဲ့နော်….

Aung

သတင်းအရင်းမြစ် လူမှုကွန်ရက်စာမျက်နှာများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။