အနုပညာသက်တမ်းဆယ်နှစ်ကျော်နေပြီဖြစ်တဲ့ ရုပ်ရှင်နဲဗွီဒီယို ဇာတ်ပို့သရုပ်ဆောင် ညောင်ညောင် ဟာ ဆိုကြပျော်ကြမယ်အစီအစဉ်တွေမှာလည်း တင်ဆက်သူအဖြစ်ပါ ပါ၀င်ခဲ့ဖူးပြီး ဇာတ်ကားတိုင်းမှာ မင်းသားမင်းသမီးတွေနဲ့အတူ သူ့ရဲ့ဇာတ်ရုပ်အတွက် သဘာဝကျကျ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။

လက်တလောမှာတော့သရုပ်ဆောင် ညောင်ညောင်က သြဂုတ် ၂၀ရက်နေ့ညက CBဘဏ်​ပွဲမှာ စင်​​ပေါ်ကအဆင်​း​ ချော်​လဲကာ တံခါး​ဘောင်​နဲ့တိုက်​မိပြီး ဘယ်​ဘက်လက်​ ဒဏ်ရာရသွားတဲ့အတွက် ပါရမီဆေးရုံကို တင်လိုက်ရတယ်လို့ သိရပါတယ်။

သူချော်လဲလို့ ဆေးရုံတက်နေရတာနဲ့ပတ်သက်ပြီး အကြောင်းရင်းသေချာမသိပဲ မူးပြီးလဲတာဖြစ်တယ်လို့ ဝေဖန်သူတွေရှိနေတဲ့အပေါ် ဦးညောင် တစ်ယောက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် သောက်တတ်စားတတ်သူတွေ ပိုသတိထားပါ ။ ဘာလို့လဲဆိုတော့ သောက်တတ်တယ် စားတတ်တယ် လူတကာသိနေတော့ ရိုးရိုးတန်းတန်းလဲရင်တောင် မှ ဒါမူးပြီးလဲတာနေမှာပေါ့.ကိုယ်တောင်မှ အခုတော်တော်များများက စိတ်ပူလို့ ရေးတဲ့သူတွေရှိသလို ဖေ့ဘုတ်မှာ အလကားပါကွာ မူးပြီးတော့လဲတာဖြစ်ပါလိမ့်မယ် အဲ့လိုတွေလည်း အပြောခံရတယ်ပေါ့ ရယ်တော့လည်း ရယ်တာပေါ့ ဒါပေမယ့် တစ်ခါတစ်လေကျတော့လည်း စိတ်မကောင်းဖြစ်တယ်" လို့ Duwun အင်တာဗျုးတစ်ခုမှာ ရင်ဖွင့်ထားတာပါ။

ဒဏ်​ရာအားလုံးပေါင်း အချက်​​လေးဆယ်​​ကျော်​ချုပ်​ခဲ့ ရပြီး အခုလက်ရှိမှာတော့ icu ထဲမှာ ဆေးကုသမှု ခံယူလျက်ရှိပါတယ်။

ပရိသတ်တွေလည်း အမြန်ဆုံးသက်သာအောင် ဆုတောင်းပေးလိုက်ပါဦးနော်။. 

သတင်းအရင်းမြစ် Ref - Cele Yatkwet Interview

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။