ဗီယက်နမ်ဟာထိုင်းအတွက်စာရင်းမရှိပါဘူး

ဒီစကားကိုပြောခဲ့သူထိုင်းအသင်းရဲ့ဂိုးသမားနွန့်ဖြစ်ပါတယ်။

နွန့်ဘာလို့ဒီလိုပြောလဲဆိုတာလေ့လာကြည့်ကြရအောင်ပါ။

ဆီးဂိမ်းဘောလုံးပြိုင်ပွဲရဲ့လက်ရှိချန်ပီယံဖြစ်တဲ့အပြင်

အာဆီယံရဲ့ဘောလုံးဘုရင်ဖြစ်တဲ့ထိုင်းအသင်းနဲ့

ဗီယက်နမ်ယှဉ်လို့မရသေးတာတော့အမှန်ပါပဲ။ပထမဦးစွာကစားသမားအင်အားချင်းနှိုင်းယှဉ်ကြည့်ပါမယ်။

ထိုင်းပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေကကစားသမား

တွေနဲ့စုဖွဲ့ထားတဲ့ထိုင်းအသင်းဟာဗီယက်နမ်အပါအဝင်

ပြိုင်ပွဲဝင်နိုင်ငံအားလုံးကကစားသမားတွေထက်

ခေါင်းတစ်လုံးပိုမြင့်ပါတယ်။

ဗီယက်နမ်အနေနဲ့ထိုင်းထက်သာတာလို့ပြောလို့ရတာက

Team Workတစ်ခုသာရှိပါတယ်။ငုယင်ကောင်ဖောင်၊လောက်ရှန်ထရောင်းတို့လို့ဝါရင့်ကစားသမားတွေနဲ့

ယူ20ကမ္ဘာ့ဖလားပွဲဝင်လူငယ်အသင်းသားတွေပေါင်းစပ်ပါဝင်ထားလို့

ဗီယက်နမ်ရဲ့အသင်းလိုက်ရွေ့လျားပုံတွေ၊တီကီတာကာကစားကွက်တွေကတော့တကယ့်ကိုအံမခန်းပါ။

ဒါပေမယ့်ထိုင်းအသင်းမှာလည်းထိုင်းဘောလုံးလောကရဲ့အနာဂါတ်လို့ညွှန်းဆိုခံထားရတဲ့

ပါရမီရှင်Play Makerဝိုရာချစ်

တို့လိုကစားသမားမျိုးပါဝင်လာတာကိုတော့မေ့ထားလို့မရပါဘူး။တောင်ကိုရီးယားလိဂ်မှာ

ပထမဆုံးသွားရောက်ကစားနေတဲ့ဗီယက်နမ်ကွင်းလယ်လူ

လောင်ရှန်ထရန်းနဲ့ထိုင်းကွင်းလယ်လူဝိုရာချစ်တို့ရဲ့အားပြိုင်မှု

ကိုလည်းဒီနေ့ပွဲမှာမျက်ဝါးထင်ထင်တွေ့မြင်ရမှာပါ။ထိုင်းအသင်းမှာအဓိကပြသနာတစ်ခုက

အားထားရတဲ့တိုက်စစ်မှူးဘူရမ်အနီကတ်ထိထားလို့မပါနိုင်တာပါပဲ၊၊ဒါကြောင့်ထိုင်းတိုက်စစ်နေရာမှာစီတာချော့နဲ့ချန်းရော့နှစ်ဦး

ကိုသာအားကိုရမှာဖြစ်ပြီးကယ်ဗင်၊ပီချာအူချာ၊ဗီရာချက်၊ဆာဆာလက်တို့လို

တောင်ပံကစားသမားတွေနဲ့ပွဲထုတ်လာဖို့များပါတယ်။

ဗီယက်နမ်အသင်းရဲ့အားသာချက်ကငုယင်ကောင်ဖောင်

ဖြစ်သလိုအားနည်းချက်ကလည်းသူပါပဲ။ပြီးခဲ့တဲ့အင်ဒိုနဲ့ပွဲမှာ

ကောင်ဖောင်အချုပ်ခံလိုက်ရပြီးတိုက်စစ်သေသလိုဖြစ်

သွားခဲ့တာအားလုံးအသိပါပဲ။

ထိုင်းအသင်းမှာတော့ကောင်ဖောင်ကိုထိန်းချုပ်ဖို့ဆူရီယနဲ့ဝိုရာဝတ်တို့အသင့််ရှိနေပါတယ်။

နှစ်ယောက်စလုံးကဝါရင့်ကစားသမားတွေဖြစ်လို့ကောင်ဖောင်

မလွယ်ပါဘူး။

ထိုင်းအသင်းရဲ့ခြေစွမ်းဟာအင်ဒို၊တီမောစတဲ့အသင်းတွေနဲ့

ကန်ခဲ့ရမှာဆိုးဝါးလွန်းတယ်လို့ဝေဖန်ခံခဲ့ရပေမယ့်

သူတို့ဟာရသင့်ရထိုက်တဲ့အမှတ်တွေ

ကိုတော့ရယူနိုင်ခဲ့ပါတယ်။ဗီယက်နမ်ကတော့အင်ဒိုကို

သရေကျသွားတာဒုက္ခရောက်သွားပါတယ်။ဒီပွဲမှာနိုင်တဲ့သူ

ကအုပ်စုဗိုလ်ဖြစ်ပြီးတစ်ဖက်ကမြန်မာနဲ့တွေ့မှာပါ။

ဗီယက်နမ်အနေနဲ့သရေကျရင်အုပ်စုတက်တယ်

ဆိုပေမယ့်ထိုင်းကတော့လုံးဝအနိုင်ရမှအုပ်စုတက်မှာပါ။

အင်ဒိုကတော့ကမ္ဘောဒီးယားကိုဂိုးများများသွင်းပြီး

သာသာယာယာအုပ်စုကနေတက်သွားလို့ရပါတယ်။

ကျွန်တော့်အမြင်ကိုပြောရရင်တော့

နွန့်ပြောတာလက်ခံပါတယ်။ဗီယက်နမ်ဟာထိုင်းအတွက်စာရင်းမရှိပါဘူး။ထိုင်းနိုင်သွားပါလိမ့်မယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။