မြောက်ကိုရီးယားသမ္မတအဆက်ဆက်ကိုယ်တိုင် စိတ်ကြိုက်သတ်မှတ်ရွေးချယ်ကြတယ်လို့ဆိုပါတယ်။ ဒီအဖွဲ့ကတော့ သမ္မတကိုပျော်တော်ဆက်လုပ်ရတဲ့မိန်းမလှအဖွဲ့ဖြစ်ပြီး အင်တာနက်အသုံးပြုသူ မရွှေမိုး(ကိုရီးယား) ရေးသားဖော်ပြထားတာကို ဗဟုသုတအနေနဲ့ တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

အဆိုပါအဖွဲ့အား ကိုရီးယား ဘာသာလို ဂိပွန်းဂျို 'Gippeumjo' ဟုခေါ်ကြောင်း၊ထိုအဖွဲ့အစည်းအကြောင်းကို ကမ႓ာသို့ စတင် အသိပေးပြောကြားသူမှာ ဂျပန်လူမျိုး Kenji Fujimoto( 藤本 健二 ) ဖြစ်ကြောင်းသိရပါတယ်။

ဂျပန်လူမျိုး Kenji Fujimoto သည် ၁၉၈၈ခုနှစ် မှ ၂၀၀၁ခုနှစ် အထိ သမ္မတ ကင်မ်ဂျောင်အီးလ် ( Kim Jong-il) အား ဂျပန်အစားအစာ (Sushi ) ပြုလုပ်ပေးရသော စားဖိုမှူးတယောက်ဖြစ်ပါတယ်။

ထိုအဖွဲ့အစည်းအကြောင်းကို ဒုတိယပြောပြသူမှာ ၂၀၁၀ ခုနှစ်တွင် တောင်ကိုရီးယားသို့ထွက်ပြေးလွတ်မြောက်ခဲ့သော မြောက်ကိုရီးယား အမျိုးသမီးတဦးဖြစ်ပါတယ်။ သူမသည် သူမ၏ အတွေ့အကြုံကို Marie Claire မဂ္ဂဇင်းတိုက်အား ဖွင့်ဟပြောကြားခဲ့ပါတယ်။ ထို၂၀၁၀ မှ ယနေ့အထိ မြောက်ကိုရီးယားမှ ထွက်ပြေးလွတ်မြောက်ခဲ့သူများက ဖြည့်စွက်၍ "ပျော်တော်ဆက် မိန်းမလှလေးများအဖွဲ့" အကြောင်းကို တောင်ကိုရီးယား TV interview တို့တွင် အသေးစိတ်ပြောကြားခဲ့ပါသေးတယ်။

ပျော်တော်ဆက် မိန်းမလှများအဖွဲ့တွင်မိန်းမလှပေါင်း ၂၀၀၀ ကျော်ပါဝင်သည်။ ထိုမိန်းမလှတို့သည် အဓိကအားဖြင့် သမ္မတကိုဖျော်ဖြေရန်ဖြစ်သည်။ထို့အပြင် မြောက်ကိုရီးယားနိုင်ငံ၏ အုပ်ချုပ်ရေးအဖွဲ့အစည်း (Worker's Party of Korea)ရှိ ရာထူးကြီးသူများကိုလည်း ဖျော်ဖြေရသည်။

သမ္မတကင်မ်ဂျောင်အီးလ် ( Kim Jong-il l) လက်ထက်မှစ၍ ဖခင် ကင်မ်အီးလ်ဆောင်း ( Kim il Song )အား စိတ်ပျော်ရွှင်စေရန် ပျော်တော်ဆက် မိန်းမလှများအဖွဲ့ စတင်ဖွဲ့စည်းခဲ့သည်။ ထိုမိန်းကလေးများသည် မြောက်ကိုရီးယား၏ အလှဆုံးမိန်းကလေးများ ဖြစ်ကြသည်။ သမ္မတ ကင်မ်ဂျောင်အီးလ်သည် သူ့အဖေအကြိုက် မိန်းမလှလေးများကိုရွေးချယ်ပေးခဲ့သည်။ သမ္မတ ၃ ဦး၏ အကြိုက်ပေါ်မူတည်၍ ပျော်တော်ဆက် မိန်းမလှများအဖွဲ့၏အဖွဲ့ဝင်ဖြစ်ရန် စည်းမျဉ်း စည်းကမ်းတို့သည် အပြောင်းအလဲရှိလေသည်။ 

ပျော်တော်ဆက် မိန်းမလှများရွေးချယ်ရေးအဖွဲ့သည် အလယ်တန်းကျောင်းများသို့ လာရောက်၍ မိန်းကလေးများကိုရွေးချယ်ကြသည်။

ထိုသူတို့သည် မိန်းမလှလေးများ လွတ်သွားမည်စိုး၍ တယောက်ချင်း သေသေချာချာ စီစစ်သည်။ အရွေးချယ်ခံရသော မိန်းကလေးများသည် ငြင်းဆန်ပိုင်ခွင့်မရှိပါ။ တခါတရံ သမ္မတကိုယ်တိုင်လာ၍ စင်တော်ကောက်သည်။

(လက်ရှိ) သမ္မတ ကင်မ်ဂျောင်အွန်း (Kim Jong-un)၂၀၁၁ ခုနှစ်တွင် ဖခင်ဖြစ်သူ၏ ပျော်တော်ဆက် မိန်းမလှများ အဖွဲ့ကိုဖျက်သိမ်းခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလတွင် သမ္မတ ကင်မ်ဂျောင်အွန်း အတွက်" ပျော်တော်ဆက်မိန်းမလှများ အဖွဲ့အသစ်" ကိုထပ်မံဖွဲ့စည်းခဲ့သည်။

သမ္မတ ကင်မ်ဂျောင်အွန်း နှစ်သက်သည့်ပုံစံကတော့

* မျက်နှာသွယ်သွယ် နှင့် ချစ်စရာကောင်းသော မိန်းကလေးများဖြစ်ရမည်။

* အရပ် ၁၇၀ စင်တီမီတာ ကျော်ရမည်။

* ပိန်၍ ကိုယ်လုံးလှရမည်။

* အသက် ၁၆ နှစ်မှ ၁၇နှစ်ကြားဖြစ်ရမည်။

( သို့သော် အသက် ၁၃ နှစ် မိန်းကလေး တယောက်အား ရွေးထားသည်။ )

လက်ရှိ သမ္မတကင်ဂျောင်အွန်းသည် သူ၏ မိန်းမ လီ ဆိုးလ် ဂျူ ( Ri Sol-ju ) အားထိုအဖွဲ့ထဲမှ ကောက်ယူလက်ထပ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြသည်။ 

အရွေးခံရသော မိန်းကလေးတို့သည် စာမေးပွဲ ၃ ဆင့် အစစ်ခံရသည်။

ပထမအဆင့် စာမေးပွဲ

မိန်းကလေးတို့သည် သူမကိုယ်သူမ အလှဆုံးဟုထင်သော အမူအရာကို လုပ်ပြရသည်။သူမ၏ အတော်ဆုံး ဖျော်ဖြေရေးတခုကို သရုပ်ဆောင်ပြရသည်။ သီချင်း၊အက၊အတီးအမှုတ် စသည်...။မျိုးရိုးကောင်းရမည်။မျိုးရိုးထဲတွင် ထောင်ကျသူမရှိစေရ။မျိုးရိုးထဲ၌ မြောက်ကိုရီးယားမှ ထွက်ပြေးသောသူတယောက်ရှိပါက ချက်ချင်း အပယ်ခံရသည်။

ဒုတိယ အဆင့်စာမေးပွဲ

ပထမအဆင့် အောင်မြင်သောမိန်းကလေးများ သည် တစ်လအကြာတွင် ဆေးစစ်ရသည်။အဓိက အပျိုစစ် မစစ် ဆေးစစ်ခြင်းဖြစ်သည်။ထိုမိန်းကလေးတို့ ဒုတိယအဆင့်စာမေးပွဲကျလျှင် အပျိုမစစ်၍ ဖြစ်သဖြင့် ကျောင်းတွင် ခေါင်းမဖော်ရဲအောင် အရှက်ရကြလေသည်။

တတိယ အဆင့်စာမေးပွဲ

ခြေဆုံး ခေါင်းဆုံး အမာရွတ်တခုရှိလျှင် အပယ်ခံရသည်။ကူးစက်ရောဂါရှိ မရှိ ၊ ကျန်းမာရေးကောင်းမကောင်း အကုန်စစ်ခံရမည်ဖြစ်သည်။

တတိယအဆင့် အောင်မြင်သွားသောမိန်းကလေးသည် ဘာဆက်လုပ်ရမည်နည်း...?

အလယ်တန်းကျောင်းပြီးဆုံးပါက မြောက်ကိုရီးယားသမ္မတနိုင်ငံ မြို့တော် ပြုံယမ်းသို့ အပို့ခံရသည်။ ထိုအချိန်မှစ၍ အသက် ၂၇ နှစ်ပြည့်သည်အထိမိဘ ဆွေမျိုးများနှင့် ဆက်သွယ်ခွင့်မရတော့ပေ။ပထမဦးစွာ ထိုမိန်းကလေးတို့သည် သမ္မတ ၃ ဦး သမိုင်းကို အသေးစိတ် မှတ်သား ကျက်မှတ်ရလေသည်။

သူတို့နှင့်ပတ်သက်သော စာအုပ်များ ဖတ်နိုင်သလောက်များများ ဖတ်ရသည်။စာစီစာကုံုးများရေးရသည်။ ကျေးဇူးတင်ကြောင်းစာလွှာများစွာကိုလဲ အပြိုင်အဆိုင်ရေးရသည်။

ထိုအဆင့်အောင်မြင်မှ တကယ့်သင်တန်းများကို တက်ခွင့်ရသည်။

* လိင်ဖျော်ဖြေမှုပိုင်းဆိုင်ရာ ကျွမ်းကျင်မှုသင်တန်း

* အဆို အတီး အက ကျွမ်းကျင်မှုသင်တန်း

* အနှိပ် ကျွမ်းကျင်မှုသင်တန်း

* ဧည့်သည် (နိုင်ငံခြားသားများ) များကို ဧည့်ခံခြင်း ကျွမ်းကျင်မှုသင်တန်း

* အဖျော်ယမကာ တိုက်ကျွေးခြင်း ကျွမ်းကျင်မှုသင်တန်း

* အခြေခံ သူနာပြုသင်တန်း

ထိုသင်တန်းများသင်ကြားလေ့ကျင့်ပြီးသောအခါ ကျွမ်းကျင်သည့် အရည်အချင်းများကိုလိုက်၍ ထိုမိန်းမလှလေးများကို အဓိကအားဖြင့် အုပ်စု ၃ ခုခွဲချလိုက်သည်။

1. လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုပေးသည့်အဖွဲ့ - Manjokjo (만족조)

2. မာဆတ်ချ် အနှိပ်အဖွဲ့ -Haengbokjo (h행복조) –

3. သီချင်းဆို/ အကအဖွဲ့ (တခါတရံ တကိုယ်လုံးချွတ်၍ ကပြရသည်။) Gamujo (가무조)

သမ္မတက သဘောကျ၍ သူ့အတွက် လိင်မှုကိစ္စဖျော်ဖြေရန် အရွေးချယ်ခံရသော မိန်းကလေးများဆိုလျှင်တော့ ထိုမိန်းကလေးများသည် ထိုသမ္မတ၏ သီးသန့်အကြိုက်တို့ကို သိရှိရန် အထူးသင်တန်းတက်ကြရသည်။

သမ္မတကို ရေနွေးဖြင့် ရေချိုးပေးရသည်မှ စ၍ အင်္ကျီဝတ်ပေးရသည်အထိ လိုလေသေးမရှိ အကြောင်းအရာများကို အသေးစိတ်သင်ကြားရသည်။

တချို့ မိန်းမလှလေးများအား နိုင်ငံခြားပညာတော်သင် လွှတ်သည်။ နိုင်ငံခြားမှသင်ယူလာသော နည်းလမ်းအသစ်များနှင့် သမ္မတကို စိတ်ပျော်အောင် ပြုစုတတ်စေရန်ဖြစ်သည်။

အသက် ၂၇ နှစ်ရောက်လျှင် အသက်ကြီးသွား၍ သမ္မတက အလိုမရှိတော့...။ ထိုမိန်းကလေးတို့သည် စစ်တပ်တာဝန်ထမ်းဆောင်ရတော့သည်။ထိုအခါမှ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။ အသက် ၂၇ နှစ် မပြည့်ခင် ( ဥပမာ-မှတ်ဉာဏ်မကောင်း၊ ထိခိုက်ဒါဏ်ရာကြောင့် အမာရွတ်တခုရရှိ၊ စသည်... ) အကြောင်းတခုခုကြောင့် ပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ အပယ်ခံရသူများသည်လည်း မိဘဆွေမျိုးများထံ ပြန်ခွင့်မရှိပေ။

ထိုမိန်းကလေးများသည် အသက် ၂၇ ပြည့်သည်အထိ သတ်မှတ်ထားသောအဆောင်၌ သာ နေရသည်။ထိုမိန်းကလေးများအား သမ္မတလက်အောက်ရှိ ပထမတန်းစား အုပ်ချုပ်ရေးပိုင်း ယောက်ျားသားများဓာတ်ပုံပြ၍ သူမကြိုက်သောယောက်ျားကိုရွေးချယ်စေသည်။ ထိုသူနှင့် တွေ့ဆုံပြီး သူမက သဘောကျလျှင် လက်ထပ်ခွင့်ရှိသည်။ ထူးဆန်းသည်မှာ ထိုမိန်းကလေးများက ယောက်ျားများကိုရွေးချယ်ရခြင်းဖြစ်သည်။ ယောက်ျားများက ရွေးချယ်ခွင့်မရှိပေ။

ထိုမိန်းကလေးများက သူမ လက်ထပ်ချင်သည့် ယောက်ျားမတွေ့လျှင် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့၏ အကူအလုပ်သမများအဖြစ် အသက်၂၇ ပြည့်သည်အထိ နေထိုင်ရမည်ဖြစ်သည်။ ၂၇ နှစ်ပြည့်လျှင် အခြား မိန်းမလှလေးများ နည်းတူ စစ်တပ်၌ တာဝန်ထမ်းဆောင်ရသည်။ ထိုအခါမှ သူများနည်းတူ မိဘဆွေမျိုးတို့ဖြင့် ဆက်သွယ်ခွင့်ရသည်။

သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့မှ ထိုမိန်းမလှလေးများသည် မည်သို့သော အကျိုးကျေးဇူးများကိုခံစားရသနည်း...?

မြောက်ကိုရီးယားနိုင်ငံတွင် မိန်ကလေးတယောက်သည် သမ္မတပျော်တော်ဆက် မိန်းမလှများအဖွဲ့သို့ အရွေးချယ်ခံရလျှင် အလွန် ဝမ်းမြောက်ဂုဏ်ယူကြသည်။အဘယ်ကြောင့်ဆိုသော် သူမသည် နိုင်ငံ၏ အလှဆုံးသော မင်းသမီးများဟုအသိအမှတ်ပြုခံရသောကြောင့်ဖြစ်သည်။ ထိုမိန်းမလှလေးများ၏ အနာဂတ်သည် တောက်ပနေသည်။ သူမဘဝ တသက်တာ ဆင်းရဲခြင်းမှ လွတ်ကင်းပြီဖြစ်သည်။

ထိုမိန်းမလှလေးများအားလုံးသည် နိုင်ငံတော်မှပေးသော လစာကောင်းကောင်း ( ၄,၇၀၀,၀၀၀ ဝမ် ) ရကြသည့်အပြင် သမ္မတတို့က သဘောကျလျှင် အပိုဆုငွေများလည်းရကြသည်။

ထို့အပြင် သမ္မတချစ်သော မိန်းကလေးများသည် နိုင်ငံခြားမှ မုန့်ပဲ သရေစာများ အဖိုးတန် အဝတ်အစားများ အဖိုးတန် လက်ဆွဲအိတ်များ လက်ခံရရှိတတ်သည်။ လက်ရှိ သမ္မတကင်ဂျောင်အွန်းဆိုလျှင် သူချစ်သောမိန်းကလေးတချို့အားအထူး နံပါတ်တပ်ထားသော မာစီးဒီးစ် ကား( Mercedes Benz ) များကိုပေးသည်ဟုဆိုသည်။ နိုင်ငံခြားသို့ အပျော်ခရီးထွက်ခွင့်လည်းပေးသေးသည်။

အသက် ၂၇ နှစ်ကျော်သွားသဖြင့် စစ်တပ်တာဝန်ထမ်းဆောင်ရသောမိန်းကလေးတို့သည် အတိတ်က သမ္မတသည် သူမအပေါ်ဘယ်အထိ အရေးပေးခဲ့သည် ဘယ်အဆင့်အထိချစ်တင်းနှီးနှောခဲ့သည်ကို မူတည်၍ ရာထူးအနိမ့် အမြင့် ရကြသည်။ အထူးသဖြင့်သမ္မတနှင့်အတူ အိပ်စက်ဖူးပါက အထူးအခွင့်အရေးများ အများဆုံးရကြသည်။ အသက် ၂၇ ကျော်သွားသော်လည်း သမ္မတက အနားမှာရှိစေချင်သော မိန်းမလှများကတော့ စစ်တပ်ထဲမဝင်ရပါ။ သမ္မတအနီးနေရသော အချက် အပြုတ် အိမ်အလုပ် စသည့် အလုပ်တာဝန်တခုခုကို အပေးခံရတတ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ သမ္မတပျော်တော်ဆက် မိန်းမလှများ အဖွဲ့တွင် အလွန်လှပသော နိုင်ငံခြားသူများ ( များသောအားဖြင့် ရုရှားအမျိုးသမီးများ)လည်းပါဝင်သည်ဟုဆိုကြသည်။

သတင်းအရင်းမြစ် မရွှေမိုး(ကိုရီးယား)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။