မန်ချက်စတာယူနိုင်တက်အသင်းတွင်ကစားခဲ့ပြီး လက်ရှိအဲဗာတန်အသင်းတို့၏ကစားသမား ၀ိန်းရွန်းနီကတော့ လက်ရွှေးစင်ဘဝမှအနားယူသွားပြီဖြစ်ပါတယ်။ ရွန်းနီအနေဖြင့် လက်ရွှေးစင်ဘဝမှ အနားယူကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။ ၀ိန်းရွန်းနီက အင်္ဂလန်လက်ရွှေးစင်အသင်း၏ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစားသမားပါ။ ရွန်းနီက အင်္ဂလန်လက်ရွှေးစင်အတွက် ၁၁၉ပွဲကစားကာ ၅၃ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုင်တက်အသင်း၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၅၅၉ပွဲကစားကာ ၂၅၃ဂိုး သွင်းယူထားတာပါ။

ရွန်းနီက အသက် (၁၇)နှစ်မှာပဲ အင်္ဂလန်အသင်းအတွက် ရွှေးချယ်ခြင်းခံခဲ့ရပါတယ်။ ၀ိန်းရွန်းနီ ဟာ ၂၀၀၃ ခုနှစ် ဖေ ဖော် ၀ါရီလ ၁၃ ရက်နေ့ မှာ ကစားခဲ့တဲ့ အင်္ဂလန် - သြစတြီးယား ပွဲစဉ် မှာ စတင်ပြီး လက် ရွေးစင် အသင်းအတွက် ပါ၀င် ခွင့် ရရှိခဲ့ပါတယ် ။ စက်တင်ဘာ၆ရက် ၂၀၀၃ခုနှစ်မှာကစားခဲ့တဲ့ ယူရို ၂၀၀၄ ခြေစစ်ပွဲမှာ အင်္ဂလန်အသင်းအတွက် ပထမဆုံးဂိုးကို သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ အဆိုပါဂိုးကိုတော့ မက်ဆီဒိုနီးယားနှင့် ပွဲစဉ်မှာ သွင်းယူပေးနိုင်ခဲ့တာပါ။ အဆိုပါ အချိန် မှာ ၀ိန်းရွန်းနီဟာ အသက် ၁၇ နှစ် နဲ့ ၃၁၇ ရက် သာ ရှိသေးတာ ကြောင့် အင်္ဂလန် လက် ရွေးစင် သမိုင်းတစ်လျောက် အသက် အငယ် ဆုံး ဂိုးသွင်းယူသူဖြစ် ခဲ့ရပါတယ်။

ရွန်းနီအနေဖြင့် လက် ရွေးစင် အသင်းအတွက် ဂိုး ၅၀ မြောက် သွင်းဂိုးကို ပင် နယ် တီ ကတဆင့်သွင်းယူကာ ဆာဘော် ဘီချာတန် ကို ကျော်ဖြတ်ပြီး အင်္ဂလန် လက် ရွေးစင် အသင်းအတွက် ဂိုးအများဆုံးသွင်းယူခဲ့တဲ့ ကစားသမားအဖြစ် စံချိန် သစ် ရေးထိုးနိုင် ခဲ့ပါတယ် ။ ၀ိန်းရွန်းနီ ဟာ ကမ္ဘာ့ဖလားပြိုင် ပွဲ ၃ ကြိမ် ( ၂၀၀၆ ၊ ၂၀၁၀ ၊ ၂၀၁၄ ) ပါ၀င် ကစားခဲ့ပေမယ့် သွင်းဂိုး ၁ ဂိုးသာ ရခဲ့ ပါတယ် ။ ဒီဂိုးက တော့ ၂၀၁၄ ကမ္ဘာ့ဖလား အုပ် စုပွဲစဉ် ဖြစ် တဲ့ ဥရုဂွေး နဲ့ ပွဲစဉ် မှာဖြစ်ပြီး အင်္ဂလန် ဟာ ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ပါတယ် ။ ရွန်းနီအတွက် နောက်ဆုံးဂိုးကတော့ ယရို ၂၀၁၆မှာ အိုက်စလန်အသင်းနှင့်ကစားစဉ် ရွန်းနီ ရဲ့ ပင် နယ် တီ နဲ့ အင်္ဂလန် တို့ ဦးဆောင် နေခဲ့ပေမယ့် အိုက်စလန် က နောက် က နေ လိုက်ပြီး ၂ ဂိုးသွင်းကာ ဘောလုံးကမ္ဘာကြီးကို အံ့အားသင့်စေခဲ့ပါတယ် ။ အင်္ဂလန် လည်း ပြိုင် ပွဲက နေ ထွက် ခဲ့ရသလို ၀ိန်းရွန်းနီ အတွက် လည်း လက် ရွေးစင် ကစားသမားဘဝ ၅၃ ကြိမ်မြောက် နဲ့ နောက် ဆုံး ဂိုးဖြစ် စေခဲ့ပါတယ် ။ ပရိသတ်ကြီးအတွက် ရွန်းနီသွင်းယူပေးခဲ့တဲ့ ဂိုး၅၃ဂိုးအနက် ဂိုး၅၀ကို ဗီဒီယိုဖြင့် တင်ပြလိုက်ပြီး နောက်ဆုံး၃ဂိုးကို ပုံနှင့် အောက်မှာဖော်ပြလိုက်ပါတယ်။

Hein (Mg Lu Aye)

51 ပြင်သစ်သို့
52 သြစတျေးလျသို့
53 အိုက်စလန်သို့

သတင်းအရင်းမြစ် Daily Mail, SM

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။