ရီးရဲမက်ဒရစ်အသင်းသည် ဘာစီလိုနာနှင့် စပိန်စူပါဖလားဗိုလ်လုပွဲ ပထမအကျော့မှာ ၃-၁ဂိုးဖြင့်နိုင်ခဲ့တာပါ။ သို့သော် အဆိုပါ ပွဲစဉ်တွင် လူစားဝင်လာသော တိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် ၂၀ါ၁နီဖြင့် ပြိုင်ပွဲမှာ ထုတ်ခံခဲ့ရသည်။ တိုက်စစ်မှူး စီရော်နယ်ဒိုသည် အဆိုပါ ပွဲစဉ်တွင် ဂိုးသွင်းယူပြီးတဲ့နောက်မှ အကျင်္ီချွတ်ကာ အောင်ပွဲခံခဲ့သည်။ ထိုကဲ့သို့ အကျင်္ီချွတ်ခဲ့ခြင်းအတွက် စီရော်နယ်ဒိုသည် အဝါကတ်ပြခံခဲ့ရသည်။ အဝါကတ်ပြခံရပြီ မကြာမီမှာပင် စီရော်နယ်ဒိုသည် ဘာစီလိုနာ၏ ပင်နယ်တီ ဧရီယာအတွင်း ဟန်ဆောင်လှဲချခဲ့သည်ဟု ဆိုတာ ဒိုင်က နောက်ထပ် ၁၀ါပြကာ ၂၀ါ၁နီဖြင့် ရော်နယ်ဒိိုကို ထုတ်ပယ်ခဲ့သည်။  

ထို့ကဲ့သို့ ထုတ်ခံရခြင်းကို ရီးရဲတိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် မကျေနပ်ခဲ့ပေ။ ရော်နယ်ဒိုအနေဖြင့် စိတ်ပေါက်ကွဲကာ ဒိုင်ကို လက်ဖြင့် တွန်းခဲ့သလိုဖြစ်ခဲ့သည်။ ရော်နယ်ဒိုအနေဖြင့် ဒို်င်ကို တွန်းခဲ့သည့်အတွက် စပိန်လာလီဂါအဖွဲ့ချုပ်က ၅ပွဲပယ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ ဒါ့အပြင် စီရော်နယ်ဒိုကိုလည်း အယူခံခွင့်ပေးခဲ့သည်။ ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူး ရော်နယ်ဒိုအနေဖြင့် အယူခံဝင်ခဲ့သော်လည်း စပိန်လာလီဂါ အဖွဲ့ချုပ်က ၅ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ခဲ့သည်။ ထို့ပြင် ရော်နယ်ဒိုသည် လက်ရှိအချိန်တွင် စပိန်နို်င်ငံတွင် အခွန်ရှောင်တိမ်းသည်ဟုဆိုကာ တရားရင်ဆိုင်ရလျက်ရှိသည်။

ရော်နယ်ဒိုအနေဖြင့် သူ၏ Facebook တွင်လည်း သူ့ကို တရားမမျှတစွာ ဆက်ဆံလျက်ရှိကြောင်း ရေးသားခဲ့သည်။ ဒါ့အပြင် ရီးရဲမက်ဒရစ်အသင်းတွင်လာ်း မပျော်ရွှင်တော့ဟု သတင်းများထွက်နေသည်။ ဒါ့အပြင် စပိန်သတင်းစာ El Pais ၏ဖော်ပြချက်အရ စီရိုနယ်လ်ဒိုမှာ ရီးရဲလ်မက်ဒရစ်အသင်း၌ဆက်ရှိနေရန် မသေချာတော့ကြောင်း သိရသည်။ ရော်နယ်ဒိုနှင့်ရင်းနှီးသော မိတ်ဆွေတစ်ဦးမှ " ဟုတ်ပါတယ်၊ သူ့ကို ၅ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရမှု ့အပေါ် သူအရမ်းပဲ မကျေမနပ် ဒေါသထွက်နေပါတယ်။ သို့ပေမယ့် အခုသူ အသင်းသားတွေနဲ့ အတူတူ လေ့ကျင့်ခန်းဆင်းနေပြီး အရမ်းကြိုးစားအားထုတ်နေပါတယ်။ ဒါပေမယ့် သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဘာမှ သေသေချာချာ မပြောနိုင်ပါဘူး ။ သူ အသင်းမှာဆက်နေမလား ၊ ထွက်မလား မသိသေးပါဘူး ၊ အပြောင်းအရွေ ့နောက်ဆုံးနာရီ အထိ ဆက်လက်စောင့်ကြည့်သွားရုံပေါ့ " ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ထပ်မံထွက်ရှိလာသော သတင်းများအရ ရော်နယ်ဒိုသည် လာမည့်အပတ်မကုန်ဆုံးခင်မှာပင် အသင်းဟောင်းမန်ချက်စတာယူနိုင်တက်သို့ ပြန်ပြောင်းနိုင်သည်ဟု သိရှိရသည်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။