သြဂုတ်လ ၂၃ရက်က ဂျာမနီနိုင်ငံ မှာဘတ်စ်ကားမတော်တဆ တိမ်းမှောက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရှိပါတယ်။ဂျာမနီနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာတည်ရှိတဲ့ လိုးဝါး ဆာဇိုနီပြည်နယ် မှာဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ဘတ်စ်ကားဟာ အလုပ်သမားများအပြည့်တင်ဆောင်လာခဲ့တာလည်းဖြစ်ပြီး ညာဘက်ကိုအရှိန်ပါပြီး တိမ်းမှောက်ခဲ့ရတာလည်းဖြစ်ပါတယ်။ဘတ်စ်ကားမတော်တဆတိမ်းမှောက်ခဲ့မှုကြောင့် လူပေါင်း ၄၄ ယောက် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ လူ ၆ ဦးကတော့ အခြေအနေစိုရီမ်ရတဲ့ အနေအထားမှာရှိနေကြောင်းလည်းသိရပါတယ်။

ထိုဘတ်စ်ကားဟာ လူဦးရေးအပြည့်ဖြစ်တဲ့ အယောက် ၅၀ တင်ဆောင်ခဲ့တာလည်းဖြစ်ပြီး အများစုလိုက်ပါစီးနင်းခဲ့သည်မှာ စတော်ဘယ်ရီသီများရိတ်သိမ်းရန် ငှါးရမ်းထားခဲ့တဲ့ ရိုမေးနီးယား နိုင်ငံက အမျိုးသမီးများ ဖြစ်ကြောင်းကို လည်း သိရှိရပါတယ်။ဘတ်စ်ကားမောင်းသူဟာ Bolmte မြို့အတွင်းကို ပတ်မောင်းနေစဉ်အတွင်းမှာပဲ အရှိန်မထိန်းနိုင်ခဲ့ကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ရဲတပ်ဖွဲ့များရဲ့ပြောကြားချက်ကို ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Osnabruecker Zeitung က ဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။

ဘတ်စ်ကားမတော်တဆ ဖြစ်ပွားခဲ့တဲ့နေရာကို ကယ်ဆယ်ရေးများလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရဲဝန်ထမ်းများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ နဲ့ ကယ်ဆယ်ရေးရဟတ်ယာဉ်များကို စေလွှတ်ပေးထားခဲ့ကြောင်းကိုလည်း သိရှိရပါတယ်။အခင်းဖြစ်ပွားရာနေရာဖြစ်တဲ့ B51 လမ်းမကိုလည်း လက်ရှိမှာ ခေတ္တခဏ ပိတ်ထားခဲ့တာကြောင့် ယာဉ်ကျောပိတ်ဆို့မှုများဖြစ်ပေါ်နေခဲ့တာလည်းဖြစ်ပါတယ်။သို့သော် ရဲတပ်ဖွဲ့ဝင်များက တစ်ခြားလမ်းလွှဲကနေ သွားလာနိုင်ရန်အတွက် ဆောင်ရွက်ပေးနေသည်ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ယာဉ်ကြောပိတ်ဆို့ထားမှုကိုတော့ ညနေအချိန်လောက်မှာ ပြန်လည် ဖွင့်ပေးသွားမည်ဖြစ်ကြောင့်ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်

source - china xinhua news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။