အခုမိတ်ဆက်ပေးချင်တဲ့ အကြောင်းအရာကတော့ Samsung ရဲ့ Note Series ဖြစ်တဲ့ Galaxy Note 8 ပဲ ဖြစ်ပါတယ်။ Note 7 တုန်းကလို ပြသနာမျိုးစုံနဲ့ ကြုံတွေ့ရဦးမှာလားဆိုတာကိုလည်း အများစုက စိတ်ဝင်စားနေကြပါတယ်။ Samsung ကနေ သူတို့ရဲ့ Note Series ဖြစ်တဲ့ Galaxy Note ကို မိတ်ဆက်ဖော်ထုတ် သွားပုံကလည်း စိတ်ဝင်စားဖို့ ကောင်းပါတယ်။

Battery ပိုင်းဆိုင်ရာတွေကို ထပ်မံ အဆင့်ဆင့် စစ်ဆေးပြီး သေချာစွာ ဆန်းစစ်ပြီးနောက် ထုတ်လုပ်ထားတာဖြစ်ကြောင်း Samsung မှ ပြောကြားခဲ့ပါတယ်။ လုံးဝလူတိုင်း နှစ်သက်လောက်တဲ့ Specs တွေနဲ့ Note 8 ကို ထုတ်လုပ်ထားတယ်လို့လည်း သိရပါတယ် ။ Galaxy Note 8 က 6.3 လက်မ ရှိတဲ့ အရွယ်အစား၊ Portrait Mode ရိုက်ကူးနိုင်တဲ့ Dual Camera၊ High-end Processor, Water resistance, Wireless Charging စတဲ့ နည်းပညာတွေနဲ့ ပါ၀င်ပေါင်းစပ်ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။


Samsung ရဲ့ Note Series ဆိုရင် SPen ကလည်း အများစု သဘောကျတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ SPen ကို Screen On စရာမလိုအပ်ပဲ screen off memo တွေအသုံးပြုနိုင်သလို emoj ဆွဲတာတွေ၊ Live Message ပေးပို့ရာမှာတွေ စတဲ့ features အသစ်တွေလည်း အသုံးပြုနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ SPen က waterproof ဖြစ်တယ် (ရေစိုခံ) တာပါပဲ။

Samsung မှာ ပထမဆုံးအနေနဲ့ Dual Camera ကို Galaxy Note 8 မှာ ထည့်သွင်းလိုက်ခြင်းဖြစ်ပါတယ်။ အရောင်အနေနဲ့လည်း လေးမျိုးရှိပါတယ်။ လက်ရှိအနေအထားမှာတော့ မိတ်ဆက်တာပဲ ရှိနေသေးပြီး ၀ယ်ယူရရှိနိုင်ခြင်း မရှိသေးပါဘူး။ စျေးနှုန်းအနေနဲ့တော့ ခန့်မှန်း မြန်မာငွေ (1,200,000 Ks ~ 1,300,000 Ks ၀န်းကျင်) ဖြစ်နိုင်ပါတယ်။ September လကုန်ပိုင်း ၀န်းကျင်လောက်မှာတော့ စျေးကွက်ကို ရောက်ရှိနိုင်ပါလိမ့်မယ်။

ခန့်မှန်းခြေနဲ့ ပြောကြားချက်များအရ Note 7 တုန်းကလိုမျိုး Airport တွေမှာ သတိပေးစာတမ်း ကပ်ရလောက်တဲ့အထိ ပြသနာများနဲ့ ရင်ဆိုင်ရမှာ မဟုတ်လောက်ဘူးလို့ မျှော်လင့် ယူဆမိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။