အချစ်မှာ အသက်ကြီးတာ ငယ်တာ ရုပ်လှတာမလှတာ ဆင်းရဲတာ ချမ်းသာတာ မျိုးတွေ မရှိဘူးဆိုတာ အားလုံးလည်း ကြုံဖူးလို့ သိနေမှာပါ။

ပုထုဇဉ်မှန်ရင်တော့ အချစ်နဲ့ မကင်းနိုင်ကြတာ သဘာဝပါပဲ။ ကိုယ်ကရော ဘာသာနဲ့ ထုထားလို့ ဒီလိုမျိုး ဖူးစာဆုံချစ်ကြိုက်မိမယ်လို့ ဘယ်သူမှ ကြိုတွေးမိမှာတောင်မဟုတ်ဘူးနော်။

ဟိုတလောက ဖိလစ်ပိုင်နဲ့ ကနေဒါသူ စုံတွဲလေးရဲ့ ဖေ့ဘုတ်ဖူးစာ လိုမျိုး နောက်ထပ်တစ်တွဲကလည်း မီဒီယာတွေကြားမှာ အတော်လေး ပြောစမှတ်တွင်နေပါပြီ။

သူတို့ကတော့ အင်္ဂလန်လူမျိုး အသက်(၇၂)နှစ်အရွယ်အမျိုးသမီးကြီး Angela နဲ့ သူမထက် အသက်အများကြီးငယ်တဲ့ (၂၇)နှစ်အရွယ် နိုင်ဂျီးရီးယားနိုင်ငံသား ဖြစ်ပါတယ်။

မြေး(၆)ယောက်ရဲ့ အဖွားဖြစ်သူ Angela ကို နိုင်ဂျီးရီးယားလူငယ် CJ တို့စုံတွဲဟာ ဖေ့ဘုတ်စ်ကနေ တစ်ဆင့် စအပ်ခဲ့တာဖြစ်ပြီး ချစ်သူဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ချစ်သူဖြစ်ပြီး (၃)လအကြာမှာ လက်ထပ်လိုက်ပြီလို့ သိရပါတယ်။

Angela အတွက်တော့ သူမထက်အသက်(၄၅)နှစ်တောင်ငယ်လွန်းတဲ့ CJ ဟာ တတိယမြောက် လက်တွဲဖော်ဖြစ်တယ်လို့ ဆိုပါတယ်။

သူမကို CJ က Fri Request တစ်ခုနဲ့ လာအပ်ရာကနေ သူမတို့မိသားစု နဲ့ ၀ါသနာပါရာတွေ အပြန်အလှန်ရင်ဖွင့်ပြောဖြစ်ကြတယ်လို့ Angela ကပြောပါတယ်။

ဒါပေမယ့် နုပျိုလန်းဆန်းနေသေးတဲ့ သူမကတော့ CJ နဲ့တွေ့ပြီးနောက် သူမရဲ့ခံစားချက်ကို အခုလိုပြောပြခဲ့တာပါ။ “ ကျွန်မကို သူက ကမ္ဘာမှာအလှဆုံးအမျိုးသမီးတစ်ဦးလို့ ခံစားရစေတယ် နောက်ပြီး ကျွန်မတို့ အတူရှိဖို့ အမြန်ဆုံးအတူနေရအောင် ဗီဇာရအောင် ထပ်အားတင်းထားရဦးမယ်လို့ ဆိုပါတယ်။

အငြိမ်းစားယူထားတဲ့ တက်စီဒရိုင်ဘာတစ်ဦးဖြစ်တဲ့ အန်ဂျလာ ဟာ ခင်ပွန်းဟောင်းနဲ့ (၁၆)နှစ်ကြာအိမ်ထောင်ရေးကွာရှင်းပြီးနောက်မှာ တစ်ကို်ယ်တည်းဘဝနဲ့ ရပ်တည်နေတာဖြစ်ပြီး အထီးကျန်နေချိန်မှာ အခုလို နိုင်ဂျီရီးယားသား CJ နဲ့ ချစ်ကျွမ်းဝင်မိတာဖြစ်တယ်လို့ ဆိုပါတယ်။

သူမရဲ့ တစ်သက်တာစုဆောင်းထားတဲ့ ငွေတွေနဲ့ CJ ရဲ့ ငွေလေး ပေါင်းပြီး နိုင်ငံသားခံယူဖို့ ဗီဇာလျှောက်ထားပေမယ့် ခွင့်ပြုချက်မရသေးဘူးလို့ သိရပါတယ်။  

သူမတို့နှစ်ဦး ဟာ လက်ထပ်ပြီးကထဲက နှစ်ကြိမ်သာ အပြင်မှာ ဆုံဖူးသေးတာဖြစ်ပြီး နှစ်ယောက်အတူနေသွားဖို့ ထပ်ပြီးကြိုးစားကြည့်ဦးမယ်လို့ သိရပါတယ်။

သူမရဲ့ အမျိုးသားဟာ ဆွဲဆောင်မှုရှိတဲ့ယောကျာ်းတစ်ယောက်ဖြစ်ပြီး သူမအပေါ်ကြင်နာကြောင်းလည်း မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

အားကျသွားပြီလား ပရိသတ်ကြီးရေ အချစ်စစ်မှန်ရင် နီးနီးလေးပါပဲနော်။

သတင်းအရင်းမြစ် Thesun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။