အငှားယာဉ်ငှားရမ်းစီးနင်းပြီး လှည်းကူးမြို့နယ်အတွင်း၌ ယာဉ်အား

လုယက်သွားသူများကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲဲ့မှ

၂၄ နာရီအတွင်း ဖမ်းဆီးရမိ

၂၅.၁၀.၂၀၁၆ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် အငှားယာဉ်မောင်းနှင်သူ

ဒေါပုံမြို့နယ်နေ ဦးသိန်းအောင်၏ EE---- အငှားယာဉ်အား မင်္ဂလာ

တောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရည်လမ်းထိပ်၊ အထက်ပန်းဆိုးတန်း

မီးပွိုင့်တွင် အမျိုးသား(၃)ဦးမှ လှည်းကူးမြို့နယ်သို့သွားလိုကြောင်း

ပြောဆိုငှားရမ်းသဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း၊ လှည်းကူးတာဆုံ

သို့ ၂၄၀၀ အချိန်ခန့်တွင်ရောက်ရှိပြီး ဒါးပိန်လမ်းခွဲအတိုင်းဆက်လက်

မောင်းနှင်လာခဲ့စဉ် မုဆိုးမညောင်ပင်ကျေးရွာသို့သွားသော တံတား

အဆင်းအရောက်တွင် ၎င်းတို့အနက် ရှေ့ခန်းတွင်လိုက်ပါသူတစ်ဦးမှ

အိမ်သာတက်ချင်၍ ခေတ္တရပ်ပေးရန်ပြောဆိုသဖြင့် ရပ်တန့်ပေးခဲ့ကြောင်း၊

ထိုစဉ် ယာဉ်နောက်ခန်းတွင်ထိုင်နေသူတစ်ဦးမှ ယာဉ်မောင်းဖြစ်သူ

ဦးသိန်းအောင်၏လည်ပင်းအား နောက်မှသိုင်းဖက်ပြီး အော်ဟစ်ခြင်း

မပြုရန်ပြောဆိုကာ ကျန်တစ်ဦးမှ ပလပ်စတစ်ကြိုးဖြင့် ချည်နှောင်ရန်

ပြုလုပ်စဉ် ၎င်းမှ ယာဉ်ပေါ်မှဆင်းပြီးထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေး

စဉ် တုတ်ဟုထင်ရသောအရာဖြင့်ပစ်ခတ်ခဲ့၍ ယာဘက်ခြေထောက်အား

ထိမှန်ခဲ့ကြောင်း၊ ၎င်းအမျိုးသား ၃ ဦးမှာ ယာဉ်ကိုမောင်းနှင်ယူဆောင်

ထွက်ပြေးသွားကြောင်း၊ ယင်းသို့ဖြစ်ပွားခဲ့သဖြင့် အငှားယာဉ်မောင်းဖြစ်သူ

ဦးသိန်းအောင်တွင် ယာခြေသလုံး၌ ဖူးရောင်နာကျင်ဒဏ်ရာရရှိခဲ့၍

လှည်းကူးဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု

ခံယူခဲ့ရကြောင်းကို တိုင်တန်းချက်အရ လှည်းကူးမြို့မရဲစခန်း(ပ)၁၁၀၃/

၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၉၄/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူ

များအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။

ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် တိုင်းဒေသကြီးအတွင်းရှိ

မြို့နယ်၊ ရဲစခန်းများနှင့် ဆက်စပ်တိုင်းဒေသကြီး/ပြည်နယ်ရဲတပ်ဖွဲ့များသို့

ဆက်သွယ်ဆောင်ရွက်ခဲ့၍ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရဲတပ်ဖွဲ့မှ

သတင်းလက်ခံရရှိခဲ့ပြီး စစ်ဆေးရှာဖွေခဲ့ရာ ၂၆.၁၀.၂၀၁၆ ရက်နေ့ ၂၀၀၀

အချိန်ခန့်တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ပန်းတောင်း-တောင်ကုတ်

လမ်း၊ တောင်ပုံကြီးစစ်ဆေးရေးဂိတ်တာဝန်ကျရဲတပ်ဖွဲ့ဝင်များက အမှုမှ

ပါဆုံးသွားသည့်မော်တော်ယာဉ်နှင့်အတူ ပြစ်မှုကျူးလွန်သူများဖြစ်သည့်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နေ တင်မင်းဦး၊ ၃၇ နှစ်၊ မင်းပြားမြို့နယ်နေ

အောင်နိုင်ဖြိုး၊ (၂၁)နှစ်နှင့် ဇော်သက်ထွန်း၊ (၂၂)နှစ်တို့ကို တွေ့ရှိဖမ်းဆီး

ရမိခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့သူများဖြစ်သည့် တင်မင်းဦးပါ ၃ ဦးအား အမှုဖြင့်

အရေးယူနိုင်ရေးနှင့် အခြား လုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ

စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။