သြဂုတ်လ ၂၁ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်တွင် လှိုင်သာယာမြို့နယ်၊

ရန်ကုန်-ညောင်တုန်းလမ်း၊ မီးခွက်ဈေးမှတ်တိုင်၌ YBS 20 ခရီးသည်တင်

ယာဉ်ပေါ်သို့ အမျိုးသား ၂ ဦးမှ ဝါးတုတ်ကိုင်ဆောင်၍ တက်လာပြီး

ယာဉ်မောင်းအားခြိမ်းခြောက်ကာ ငွေတောင်းယူခဲ့ကြောင်း ရေးသား

ထားသည့်အကြောင်းအရာများနှင့် video file မှတ်တမ်းမှာ လူမှုကွန်ရက်

စာမျက်နှာများ၌ ပြန့်နှံ့နေသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်မှာ ယင်းနေ့ညနေပိုင်းက အဆိုပါ YBS ခရီးသည်တင်

ယာဉ်မောင်းဖြစ်သူ ကို--- သည် ၎င်းမောင်းနှင် သည့်ခရီးသည်တင်

ယာဉ်အား လှိုင်သာယာမြို့နယ်၊ ဒဂုံ-ဧရာအဝေးပြေးဝင်းဘက်မှ

အောင်ဇေယျတံတားဘက်သို့ ရန်ကုန်-ညောင်တုန်းလမ်းအတိုင်း

မောင်းနှင်လာစဉ် မီးခွက်ဈေးမှတ်တိုင်အရောက် ခရီးသည်အတင်အချ

ပြုလုပ်နေစဉ် အမည်မသိအမျိုးသား ၂ ဦးမှ ဝါးလုံးတုတ်ကိုင်ဆောင်၍

ယာဉ်ပေါ်သို့တက်လာပြီး ယာဉ်မောင်းထံမှ ငွေ ၁၀ဝ၀ ကျပ်တောင်းရာ

ယာဉ်မောင်းမှ ၎င်းထံတွင်မရှိကြောင်းနှင့် ပိုက်ဆံပုံးအတွင်း၌သာ

ထည့်စီးရကြောင်းပြောဆိုရာ 

အမျိုးသား ၂ ဦးမှ ပိုက်ဆံမပေးပါက

ရိုက်မည်ဟုခြိမ်းခြောက်ပြောဆိုပြီး ခရီးသည် ၂ ဦးထံမှ ၂၀ဝ ကျပ်တန်

(၂)ရွက်၊ ငွေကျပ် ၄၀ဝ အား ယူဆောင်သွားကြောင်းသိရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအားခြိမ်းခြောက်ကာ ငွေတောင်းယူ

သွားသူ အမျိုးသား ၂ ဦးကို အရေးယူပေးရန် သြဂုတ်လ ၂၂ ရက်နေ့တွင်

အဆိုပါယာဉ်လိုင်းကုမ္ပဏီ၏ ရုံးအုပ်ဖြစ်သူ ဦးမင်းလွင်မှတိုင်တန်းချက်

အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၃၂၀၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၈၆

ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်

ခဲ့ပါသည်။

အမှုမှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လှိုင်သာယာမြို့မ

ရဲစခန်းမှတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်ခဲ့ရာ သြဂုတ်လ ၂၃ ရက်နေ့

ညနေ ၆ နာရီခွဲအချိန်တွင် လှိုင်သာယာမြို့နယ်၊ (၁၄)ရပ်ကွက်နေ ရန်ရှင်း၊

(၂၁)နှစ်အားလည်းကောင်း၊ ၆ နာရီ ၄၅ အချိန်တွင် ထန်းတပင်မြို့နယ်နေ

သီဟစိုး၊ (၃၀)နှစ်အား လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပါသည်။

ဖမ်းဆီးရမိသူ ရန်ရှင်းနှင့် သီဟစိုးတို့(၂)ဦးအား အမှုဖြင့်ဖမ်းဆီးစစ်ဆေး

လျက်ရှိပြီး အခြားလုယက်မှုများ ကျူးလွန်ထားခြင်းရှိ/မရှိ ဆက်လက်

စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။