ဆွီဒင်သား အီဘရာဟီမိုဗစ်ကတော့ မန်ချက်စတာယူနိုင်တက်ထံ တစ်ဖန်ပြန်ရောက်ရှိလာပါပြီ။ မိုဗစ်က မနှစ်ကလည်း မန်ချက်စတာယူနိုင်တက်မှာ ကစားခဲ့တာပါ။ မိုဗစ်က မန်ချက်စတာယူနိုင်တက် ရောက်ရောက်ချင်းမှာပဲ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါ ကွန်မြူနတီဒိုင်းပွဲမှာလည်း သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့တာပါ။

မိုဗစ်က အင်္ဂလန်ပရီးမီးယားလိဂ်မှာလည်း ပုံစံကောင်းအချို့ပြသနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုင်တက်အသင်းနှင့်အတူ လိဂ်ဖလားကိုလဲ ရယူနိုင်ခဲ့ပါတယ်။ မိုဗစ်အနေနှင့် မန်ချက်စတာယူနိုင်တက်အတွက် သွငး်ဂိုးအချို့ရယူပေးနိုင်ခဲ့ပါတယ်။ သို့သော် မိုဗစ်အနေနှင့် ကံမကောင်းခဲ့ပါဘူး။ ဆွီဒင်သား အီဘရာဟီမိုဗစ်က ယူရိုပါလိဂ်ပွဲကစားရင်း ဒဏ်ရာရရှိခဲ့တာပါ။ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခုထိမသက်သာသေးပါဘူး။ ဒါပေမယ့် မန်ချက်စတာယူနိုင်တက်အနေနှင့် ယူရိုပါလိဂ်ဖလားရခဲ့လို့ မိုဗစ်အတွက်ဖြေသိမ့်စရာပါ။

သို့သော် အဆိုပါဒဏ်ရာက မကြာခင်သက်သာတော့မယ်လို့ သိရှိရပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုင်တက်က မိုဗစ်နှင့် ပြန်လည် လက်တွဲခဲ့တာပါ။ မန်ချက်စတာယူနိုင်တက်က အီဘရာဟီမိုဗစ်ကို တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ အီဘရာဟီမိုဗစ်က မနှစ်က မန်ချက်စတာယူနိင်တက် အတွက် ပြိုင်ပွဲစုံ ၂၈ဂိုးသွင်းယူခဲ့ကာ ၁၀ဂိုးဖန်တီးပေးခဲ့ပါတယ်။

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။