တက္ကစီနေ့စဉ် စီးနေရသော မိန်းကလေးများ သတိထား

တက္ကစီမောင်းသမားမှ ကားမောင်းနေစဉ် မဖွယ်မရာလုပ်ပြ

မိန်းကလေးတွေ ၁ယောက်ထဲပဲဖြစ်ဖြစ် သူငယ်ချင်းနဲ့ဖြစ်ဖြစ် taxi စီးမယ်ဆိုရင် ကားနံပါတ် BB 5545 probox white ကိုလုံးဝမစီးကြပါနဲ့ ဒီနေ့ ကိုယ်တိုင်ကြုံခဲ့ရတာပါ

ဒီနေ့ နေ့လည် junction square မှာသူငယ်ချင်းနဲ့ရုပ်ရှင်ကြည့်ပီး အိမ်ပြန်ဖို့ taxi ငှားတာ ကံဆိုးချင်တော့ အဲ့ကားကိုငှှားမိသွားတယ် ကိုယ်ကကျောက်မြောင်းမှာ သူငယ်ချင်းက ရေကျော်မှာဆင်းမှာဆိုပီးငှားလာတာ လမ်းတစ်ဝက်လည်းရောက်ရော ဇာတ်လမ်းစတာပဲ ကိုယ်က ph ကိုကြည့်နေရာက အရှေ့ကိုအမှတ်မထင်ကြည့်လိုက်မိတာ ကားသမားက မဖွယ်မရာလုပ်နေတာ ( မဖွယ်မရာဆိုတာဘာလဲအားလုံးသိမှာပါ)

အစကသူငယ်ချင်းနဲ့စကားပြောနေတော့ အရှေ့ကိုသတိမထားမိလိုက်ဘူး သူကဘယ်အချိန်ထဲကလုပ်နေတာလဲမသိဘူး သူငယ်ချင်းကလည်း driver ခုံနောက်ကနေရာမှာထိုင်တာဆိုတော့ဘာမှမရိပ်မိဘူး သိသိချင်းပဲသူငယ်ချင်းကို msg ပို့ပီး နင်တစ်ယောက်ထဲဆက်မသွားနဲ့ ငါနဲ့တူတူကန်တော်ကြီးမှာပဲဆင်းရအောင် ပီးမှရှင်းပြမယ်ဆိုပီး ကန်တော်ကြီးမှာကားရပ်ခိုင်းပီးဆင်းလာခဲ့ရတယ် ဒါတောင်သူက ဒီနားပဲကားလမ်းပိတ်တာ နောက်ဆိုမပိတ်တော့ဘူး ဆိုပီးကိုယ့်ကို ဆက်သွားစေချင်တာ ကန်တော်ကြီးရောက်မှသူငယ်ချင်းကိုအကြောင်းစုံပြန်ရှင်ပြပီး နောက်taxiတစ်စီးငှားပီးအိမ်ပြန်ရတယ်

ဘာပဲဖြစ်ဖြစ်မိန်းကလေးတွေ taxi စီးရင်သတိနဲ့စီးကြပါ ဖြစ်နိုင်ရင် ၁ယောက်ထဲမစီးကြပါနဲ့ ဓားဖြစ်ဖြစ်တခုခုကို အမြဲဆောင်ထားကြပါလို့ သတိပေးချင်ပါတယ်

ကိုယ်တွေလဲ အဲ့လို taxi သမားတွေရှိတယ်လို့ ကြားဖူးပေမဲ့ ကိုယ်တိုင်ကြုံရမယ်လို့တော့ လုံးဝမထင်ထားဘူး

BB 5545 probox white ကိုလုံးဝမစီးကြပါနဲ့လို့ သတိပေးချင်ပါတယ် လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူက facebook မှာ တင်ထားခဲ့ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။