မြန်မာတို့အတွက်ငါးခုမြောက်ရွှေ


မြန်မာအားကစားအဖွဲ့တွေကတော့ဆီးဂိမ်းပြိုင်ပွဲမှာ

ငါးခုမြောက်ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါပြီ။

မြန်မာအသင်းအတွက်အဖိုးတန်ရွှေတံဆိပ်ဆုကိုတော့

မေးပိုးဝါကသေနတ်ပစ်ပြိုင်ပွဲကနေဆွတ်ခူး

ပေးခဲ့တာပါ။National Shooting Range Center  ၌ ကျင်းပပြုလုပ်တဲ့အမျိုးသမီးမီတာ(၁ဝ)

လေပစ္စတိုပြိုင်ပွဲမှာမေးပိုးဝါကရွှေတံဆိပ်ရယူပေး

ခဲ့ပါတယ်။

ငွေတံဆိပ်ဆုကိုတော့ဗီယက်နမ်၊ကြေးတံဆိပ်ကိုတော့

အိမ်ရှင်မလေးရှားကရရှိခဲ့ပါတယ်။ဆက်လက်ပြီး

မြန်မာသေနတ်ပစ်အားကစားတွေက

ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာကောင်းထိုက်က

 အမျိုးသားမီတာ(၅ဝ) လေရိုင်ဖယ် Prone ပြိုင်ပွဲမှာကြေးတံဆိပ်ဆုထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။တခြား

အားကစားမယ်တစ်ဦးဖြစ်တဲ့သူသူကျော်ကတော့

မီတာ(၁ဝ)ရိုင်ဖယ်မှာစတုတ္ထအဆင့်သာ

ရရှိခဲ့ပါတယ်။

Agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။