အိန္ဒီယနိုင်ငံက စျေးထဲမှာ ၁၅နှစ်အရွယ်ကျောင်းသူလေး၏လက်ကို ဖြတ်မှုဖြစ်ပွားခဲ့ပါတယ်။ အိန္ဒီယနိုင်ငံက ယူတာပါရဒက်စ်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ယူတာပါရဒက်စ်ပြည်နယ်ရှိ လာခရီပေါခီရီ စျေးမှာ ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါနေ့က ကျောင်းသူလေးနှင့်သူ့မောင်လေး စျေးထဲသို့ စျေးဝယ်ထွက်လာတာပါ။ 

ထိုချိန်မှာ အသက်၁၉နှစ်အရွယ်ရှိ တရားခံ ဗီနွက်က အဆိုပါမိန်းကလေးကို သူအလုပ်လုပ်ရာ ဂဟေဆော်ဆိုင်ကနေ တွေ့ခဲ့တာပဲဖြစ်ပါတယ်။ ဗီနွက်က မိန်းကလေးကို သူနှင့်အတူ လည်ဖို့ ပြောခဲ့ပါတယ်။ မိန်ကလေးက ငြင်းဆန်ခဲ့တာကြောင့် ဒေါသထွက်ပြီး မိန်းကလေး၏လက်ကို ဓားနှင့်ခုတ်ခဲ့တာပါ။ ထို့နောက် ဆက်လက်၍ ဓားနှင့်ထိုးရန်လုပ်ရာ စျေးထဲက လူအုပ်ကြီးက ဗီနွက်ကို ၀ိုင်းဝန်းဖမ်းဆီးခဲ့တာကြောင့် မိန်းကလေးအဖို့ အသက်ဘေးမှ လွတ်ခဲ့ပါတယ်။ 

သို့သော် လက်ပြတ်သွားသောကြောင့် သွေးထွက်လွန်၍ ဆေးရုံသို့ပို့ဆောင်ခဲ့ရပါတယ်။ တာဝန်ရှိသူ ရဲများ၏ ပြောချက်အရ မိန်းကလေးအနေနှင့် အသက်ဘေးအတွက် ဆေးရုံမှာ အပြင်းအထန်ကုသနေရတယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် မိန်းကလေးကို ဆရာဝန်များက အစွမ်းကုန်ပြုစုစောင့်ရှောက်လျက်ရှီတယ် လို့လည်း သိရှိရပါတယ်။ သူတို့၏ ဦးစားပေးချက်က မိန်းကလေး အသက်ရှင်ဖို့ဖြစ်ပြီး မိန်းကလေးအနေနှင့် စိုးရိန်ရဆဲရှိနေကြောင်း သိရှိရပါတယ်။

Hein (Mg Lu Aye)

သတင်းအရင်းမြစ် Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။